Friday, 27 March 2020

အသက်တာလမ်းညွှန် (ဆရာမောင်မောင်ချစ်)






အသက်တာလမ်းညွှန်


လူ့ဘဝ၊ တခဏတာ၊ ဤလောကကြီးထဲမှာ အသက်ရှင်နေထိုင်ရတဲ့ အခါ၊ ဖြစ်ချင်တာမဖြစ်၊ မကြုံချင် တာတွေကြုံရပြီး၊ စိတ်ရှုပ်ထွေးစရာတွေနဲ့ ပြဿနာများကို ကျော်လွှားနိုင်ဖို့ရန်၊ တနည်းအားဖြင့် စာတန် မာရ်နတ်၏ လိမ္မာပါးနပ်စွာ လှည့်စားနေတဲ့ ပရိယာယ်၊ မာယာတွေ၊ လောကရဲ့ တပ်မက်စရာစွဲ

ဆောင်မှုတွေကို အောင်မြင်အနိုင်ယူနိုင်ဖို့ ရန်၊ နှုတ်ကပတ်တော် သမ္မာကျမ်းစာအတိုင်း၊ ယုံကြည် နာခံလိုက်လျှောက်အသက်ရှင် တတ်ဖို့လိုပါတယ်။ အဘယ်ကြောင့် ဆိုသော စာတန်မာရ်နတ်၏ ပရိယာယ်များကို အောင်နိုင်သော နိယာမတွေက သမ္မာကျမ်းစာထဲမှာသာရှိလို့ ဖြစ်ပါတယ်။ စာတန် မာရ်နတ်ကို အောင်နိုင်သော တပါးတည်း သော ဘုရားသခင်၊ ကယ်တင်ပိုင်ရှင် သခင်ယေရှု ခရစ်တော်ဘုရား၏ နှုတ်ထွက်စကား၊ ဂတိတော် ဖြစ်သော သမ္မာကျမ်းစာကို နားလည်၊ ယုံကြည် ခံယူလိုက်လျှောက်မှသာ၊ ထိုသခင်ဘုရားနှင့်အတူ ဤပရိယာယ်များသော လောကကြီးနဲ့ စာတန် မာရ်နတ်ကို အနိုင်ယူနိုင်မှာဖြစ်ပါတယ်။ ထိုကြောင့် ကျွန်တော်တို့ဘဝအသက်တာအတွက်၊ ဝမ်းမြောက် ခြင်း၊ ငြိမ်သက်ခြင်း၊ လွတ်မြောက်ခြင်း၊ ကယ်တင်ခြင်း ကို ပေးပိုင်သော သမ္မာကျမ်းစာကို တန်ဖိုး ထားနိုင်ဖို့ ရန် ဤစာစောင်ကို အသက်တာလမ်းညွှန်အနေဖြင့်ရေးသားရခြင်းဖြစ်ပါတယ်။  ဤစာစောင် လေးအား ဖြင့် သမ္မာတရားနဲ့အညီ၊ သခင်ယေရှုနှင့်အတူ၊ စာတန်မာရ်နတ်ကို အောင်နိုင်သောသူများဖြစ်နိုင် ကြဖို့၊ သခင်ယေရှုနာမ၌ ဆုတောင်းပါတယ်။
                                                        သမ္မာကျမ်းစာကို အခြားသော စာပေ ထက်ပို၍ အချိန်ပေးပြီးဖတ်ပါ။                                                    ဖတ်ရုံသာမကယုံကြည်၊ နာခံ၊ လိုက်လျှောက်တတ်လာမယ်ဆိုရင်၊ သမ္မာကျမ်းစာ၏တန်ခိုး၊ တန်ဖိုးကို ထူးခြားစွာ ခံစားရရှိ လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆာလံဆရာက - ဆာလံကျမ်း ၁၁၉ ၁-၂ - ထာဝရဘုရား၏ တရားလမ်း၌ မလွှဲမတိမ်းလိုက်သွားသောသူတို့သည် မင်္ဂလာ ရှိကြ၏။ ၂- သက်သေခံတော်မူချက်တို့ကို စောင့်၍၊ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာသော သူတို့သည် မင်္ဂလာရှိကြ၏။ ... လို့ ဖော်ပြထားတာ က နှလုံးသားထဲမှာ သခင်ယေရှုဆိုတဲ့ သမ္မာတရားက နေရာ ယူပြီး၊ ထို သမ္မာတရားနဲ့ အညီ ၊ လိုက်နာအသက်ရှင်တတ်မယ်ဆိုရင်၊ အသက်တာမှာ
မင်္ဂလာရှိလာမယ်။ အမင်္ဂလာတွေ လျော့နည်းလာ မယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ အဘယ်ကြောင့်ဆို
သော်။ ဆာလံကျမ်း ၁း ၁-၃ - မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊ - လူဆိုးတို့၏လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသောသူတို့၏ အစည်းအဝေး ၌မထိုင်၊ ထာဝရဘုရား၏ တရားတော်၌မွေ့လျော်၍၊ တရားတော်ကို နေ့ညဉ့်မပြတ်ဆင်ခြင်အောက်မေ့
သောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာ စိုက်လျက်၊ မိမိအချိန်တန်မှ အသီးကိုသီး၍၊ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့် တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။
သမ္မာတရားကို နေ့ညမပြတ် ဆင်ခြင်ဖတ် ရွတ်ပြီး၊ လိုက်နာအသက်ရှင်မယ်ဆိုရင်၊ မြစ်ကမ်းနား မှာပေါက်သော သစ်ပင်လို အမြဲစိုပြေလန်းဆန်းနေ မယ်။ သီးချိန်တန်သီးမယ်။ အရွက်မညှိုးနွမ်းဘဲ သူတစ်ပါးကို
- အေးမြလန်းဆန်း စေမယ်။ ပြုလေသမျှမှာ အောင်မြင် ခြင်းမင်္ဂလာနဲ့ ပြည့်ဝမယ်လို့ဆိုလိုတာဖြစ်ပါတယ်။
ယေရမိအနာဂတ္တိကျမ်း ၁၇း၇-၈ - ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရဘုရားကို မိမိကိုးစားရာ အကြောင်းဖြစ်စေသောသူသည် ကောင်းကြီးမင်္ဂလာ ကို ခံအပ်သောသူဖြစ်၏။  ထိုသူသည်ကား၊ ရေရှိသော အရပ်၌စိုက်၍ မြစ်နားမှာ အမြစ်ဖြာ သဖြင့်၊ ပူသောအရှိန်ရောက်ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုယ်း ခေါင် သောကာလ၌ စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲအသီးကို သီးတတ်သော အပင်နှင့်တူ၏။
ထို ကဲ့ သို့ သမ္မာကျမ်းစာ အားဖြင့် အသက်တာမှာစိုပြေလန်းဆန်းခြင်း မင်္ဂလာများ အမြဲပြည့်နေဖို့ရန်၊ သမ္မာကျမ်းစာ၏ ဩဝါဒများကို အစဉ်ခံယူဖို့လိုပါတယ်။ဆာလံကျမ်း ၁၁၉ : ၃-၄ - ထို သူတို့ သည် ဒုစရိုက်ကိုမပြု၊ လမ်းခရီးတော်၌ လိုက်သွားတတ်ကြ ၏။ အကျွန်ုပ် တို့သည် ကြိုးစား၍ ကျင့်ဖို့ရာ၊ ကိုယ်တော်သည် ဩဝါဒကိုပေးတော်မူပြီ။
သမ္မာကျမ်းစာကို အမြဲဖတ်ရွတ်လိုက်နာ ခြင်းအားဖြင့်၊ အသက်တာမှာ ဒုစရိုက်ကင်းလာမယ်။ ဆက်လက်ပြီး၊ သန့်ရှင်းစင်ကြယ်စွာ အသက်ရှင် တတ်ဖို့ သမ္မာကျမ်းစာက သွန်သင်ပေးမှာဖြစ်ပါတယ်။ ဆာလံကျမ်း ၁၁၉း ၉ - လူပျိုသည် မိမိသွား
သောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည် နည်းဟူမူကား၊ နှုတ်ကပတ်တော်အတိုင်း သတိပြုရ မည်။ လောက၏ အညစ်အကြေးများ ကင်းစင်ဖို့ရန်၊ သမ္မာတရားနဲ့ အမြဲတမ်းနှလုံးသားကို ဆေးကြောနေ ရမှာဖြစ်ပါတယ်။ ၁၀-၁၁- မှာ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ ရှာပါ၏။
ပညတ်တော် လမ်းမှ လွှဲစေတော် မမူပါနှင့်၊ ကိုယ်တော်ကို မပြစ်မှားဘဲနေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။
သမ္မာတရားက နှလုံးသားထဲမှာ နေရာယူ လာတဲ့ အခါ၊ ထိုသမ္မတရား၏ ဆေးကြော ပြုပြင်ပေးခြင်းအားဖြင့်၊ နှလုံးသားက စင်ကြယ်လာ မယ်။ ဒုစရိုက်ကင်းလာမယ်။ ။ ထိုအခါ၊ ခန္ဓာကိုယ်
ကျန်းမာ ခြင်းကိုပင် ခံစားရရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် နှလုံးသားထဲမှာ သမ္မာတရားကို နေရာအမြဲ ပေးထားဖို့ လိုအပ်တာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာက -
သုတ္တံကျမ်း ၃၁-၁၂ - ငါ့သား၊ ငါပေးသော တရားကိုမမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံး
စောင့်ရှောက်ပါစေ။ ၂- အကြောင်းမူကား၊ ပညတ်တရားသည် အသက်တာရှည်သောကာလ နှစ်ပေါင်းများကို ၄င်း၊ ငြိမ်ဝပ်ခြင်း ကို ၄င်းတိုးပွားစေလိမ့်မည်။ ၃- ကရုဏာတရားနှင့် သစ္စာတရားကို သင်နှင့်မကွာစေနှင့်။ ထိုတရားကို သင်၏လည်ပင်း၌ ဆွဲထားလော့။ နှလုံးအင်းစာရင်း၌ ရေးသွင်းလော့။၄- ထိုသို့ပြုလျှင်၊ ဘုရားသခင်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရ၍၊ ကျေးဇူးကို ခံရလိမ့်မည်။ ၅- ထာဝရဘု ရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ :၆သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြု
လော့။ သို့ ပြုလျှင်၊ သင်၏လမ်းခရီးတို့ ကို ပဲ့ပြင်တော်မူမည်။ ၇- ငါသည်ပညာရှိ၏ ဟု ကိုယ်ကိုမထင်နှင့် ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့။ ၈- သို့ပြုလျှင်၊ သင်၏ ကြောတို့ သည် အားသန်၍၊ အရိုးတို့သည် ခြင်ဆီနှင့်ပြည့်စုံကြလိမ့်မည်။ ၉-ကိုယ်ဥစ္စာနှင့် အဦးသီးသောအသီးအနှံရှိသမျှတို့ကိုထာဝရဘုရားအားပူဇော်လော့။ ၁၀-သို့ပြုလျှင်သင်၏စပါးကျီတို့သည် ကြွယ်ဝ၍ စပျစ်သီးနယ်ရာ တန်ဆာ တို့ကို အသစ်သောစပျစ်ရည်လျှံလိမ့်မည်။ ၁၁- ငါ့သားထာဝရဘုရား ဆုံးမတော်မူခြင်း ကို မမှတ်ဘဲ မနေနှင့်။ သင်၏အပြစ်ကို စစ်ဆေး
တော်မူသောအခါ စိတ်မပျက်စေနှင့်။ ၁၂ထာဝရဘု ရား သည် ချစ်တော်မူသော သူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသောသားကို ဒဏ်ခတ်တော်မူ တတ်၏။
နှုတ်ကပတ်တော် သမ္မာကျမ်းစာအားဖြင့် မိမိကိုယ်ကို ဆေးကြောပြုပြင်ခြင်းခံယူတတ်မယ်ဆို ရင်၊ လိမ္မာ ယဉ်ကျေးလာမယ်၊ ဖြူစင်သန့်ရှင်းလာ မယ်။ ဘုရားသခင်၏အလိုတော်အတိုင်း အသက်ရှင် တတ်လာမှာ ဖြစ်ပါတယ်။
ဆာလံကျမ်း ၁၁၉း၁၃၀ - နှုတ်ကပတ်တော် ကို ဖွင့်ပြခြင်းသည် အလင်းကိုပေး၍ မလိမ္မာသောသူတို့ကို လိမ္မာ စေတတ်ပါ၏။
သမ္မာကျမ်းစာကို ယုံကြည်၊ နာခံလိုက်ရှောက် ခြင်းအားဖြင့် အသက်တာ ပြောင်းလဲခဲ့ကြသော သူများ၊ များစွာရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် မလွတ် မြောက်နိုင်တော့ပါလို့ ထင်ထားတဲ့ ဘဝဆိုးထဲ က သမ္မာကျမ်းစာအားဖြင့် လွတ်မြောက်ခြင်း၊ ကျန်း မာခြင်းကို ရရှိခဲ့တာဖြစ်ပါ တယ်။ စာတန်မာရ်နတ်၏ ပရိယာယ် လှည့်စားမှုနဲ့ ချည်နှောင်ခြင်းအမျိုးမျိုး၊ ဘယ်လိုချည်နှောင်ခြင်း ဖြစ်ပါလေစေ သမ္မာကျမ်းစာ ကို ဖတ်ရွတ်ခြင်း၊ ယုံကြည်စွာဆုတောင်း ဆက်ကပ် အပ် နှံခြင်းဖြင့်အားဖြင့် လွတ်မြောက်ခြင်းအခွင့် ရရှိနိုင်ပါတယ်။ ဒါကြောင့် သမ္မာကျမ်းစာသည် ချည်နှောင်မှုအမျိုးမျိုးထဲမှ လွတ်မြောက်စေနိုင်သော၊ ထာဝရဘုရား၏ တန်ခိုးတော်၊ နှုတ်ထွက်” များဖြစ်လို့ ယုံကြည်ပါ။ ဆုတောင်းဆက်ကပ်အပ်နှံပြီး    လိုက်နာလေ့ကျင့်ပါ။
                       
တိမောသေသြဝါဒစာ ဒုတိယစောင် ၂၉ (ခ) - ဘုရားသခင်၏ နှုတ်ကပတ်တရားတော်သည် ချည်နှောင်ခြင်းနှင့် ကင်းလွတ်၏။
ရှင်ယောဟန်ခရစ်ဝင် ၈း၃၁-၃၂ - ထိုအခါ ယေရှုက၊ သင်တို့သည် ငါ၏ဒေသနာ၌တည်လျှင် ငါ့တပည့်အမှန် ဖြစ်ကြ၏။ ၃၂- သမ္မတရားကို လည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု ယုံကြည်သော လူတို့အား မိန့်တော်မူ၏။
စာတန်မာရ်နတ်၏ ပရိယာယ်လှည့်စား မှုများဖြစ်တဲ့ လောဘ၊ ဒေါသ၊ အတ္တ မာန၊ မုန်းတီးခြင်း၊ ခွင့်မလွှတ်နိုင်ခြင်း၊ အပြစ်မြင်ခြင်းစသည့် ချည်နှောင်မှုတွေကနေ၊ လွှတ်မြောက်စေရုံသာမက         နှလုံးသား အကြံအစည်၊ အတွေးအခေါ် အမြင်များပါ အသစ်ဖြစ်စေနိုင်သော နှုတ်ကပတ်တော် သမ္မာကျမ်းစာဖြစ် ပါတယ်။
ယေဇကျေလအနာဂတ္တိကျမ်း ၃၆: ၂၅-၂၇ - သင်တို့အပေါ်မှာ သန့်ရှင်းသောရေကို ဖြန်းသဖြင့်၊ သင်တို့ကို ခပ်သိမ်းသောအညစ်အကြေးမှစ၍၊ ခပ်သိမ်းသောရုပ်တုတို့နှင့် ကင်းစင်စေမည်။ ၂၆စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်။ သင်တို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံး ကို နှုတ် ၍၊ အသားနှလုံးကို ပေးမည်။ ၂၇ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေးသဖြင့် သင် တို့ သည် ငါ၏တရားလမ်းသို့ လို က် ၍၊ ငါစီရင်တော်မူချက်တို့ကို စောင့်ရှောက်ကြလိမ့်မည်။
               သမ္မာကျမ်းစာ အားဖြင့် ကျောက်ခဲလို မာကြောနေသော မွေးရာပါ၊ အတ္တနှလုံးသား၊မုန်းတီးခြင်းတွေ၊ မနာလိုခြင်းတွေနဲ့ ပြည့်ဝနေတဲ့၊ ညစ်ညမ်း တဲ့နှလုံးသားနေရာမှာ၊ နူးညံ့သိမ်မွေ့တဲ့ အသား နှလုံးသား၊ သည်းခံ၊ စိတ်ရှည်ခွင့်လွှတ်တတ်တဲ့ သဘောထားရှိတဲ့ နှလုံးသားအသစ်ကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။
သမ္မာကျမ်းစာက ရှင်မဿဲခရစ်ဝင် ၁၁း ၂၈-၃၀ - ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ (သခင်ယေရှု သမ္မာတရား) ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ၂၉- ငါ့ထမ်းပိုးကိုတင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့ သိမ်မွေ့နှိမ့်ချသောစိတ် သဘောရှိ၏။ သင်တို့စိတ် နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။ ၃၀- အကြောင်းမူကား၊ ငါ့ ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏ဟု မိန့်တော်မူ၏။

                          မိမိဦးနှောက်နဲ့ စဉ်းစားပြီး၊ ကောင်းနိုးရာရာ တွေလုပ်ရင်း၊ ပင်ပန်းကြီးစွာအသက်ရှင်နေမဲ့ အစား နှလုံးသားကို ပြုပြင်ပေးနိုင် သော၊ နူးညံ့သိမ်မွေ့စေသော၊ နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့်၊ မိမိတာဝန် (ဝန်တာ/ဝန်ထုပ်)ကို သခင်ယေရှုရဲ့ ထမ်းပိုးနဲ့ထမ်းမယ်ဆို ရင်၊ ပေါ့ပါးခြင်း၊ စိတ်သက်သာ ခြင်းအခွင့်ကို ခံစားရရှိမှာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာ သည်၊ အသက်တာကို မင်္ဂလာရှိစေတယ်။ ချည်နှောင် မှုကနေ လွတ်မြောက်စေတယ်။ နှလုံးသားကို သက် သာစေရုံမက၊ ကျွန်တော်တို့ကို နေ့စဉ်နှောင့်ရှက်နေ တဲ့ စာတန်မာရ်နတ်ကိုပင် အောင်နိုင်ခွင့်ကိုပေးထား သောကြောင့်၊ ယုံကြည်စွာနာခံလိုက်လျှောက်ကြည့်ပါ။
                         
ရှင်ယောဟန်ဩဝါဒစာပဌမစောင် ၂ ၁၄(ခ) - လူပျိုတို့ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မှီဝဲဆည်းကပ်သ ဖြင့် မာရ်နတ်ကိုအောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။နှုတ်ကပတ်တော်သမ္မာကျမ်း စာကို မှီဝဲ ဆည်းကပ်ပြီး၊ ယုံ ကြည်ခြင်းနဲ့ ခံယူလိုက်လျှောက်မယ် ဆိုရင်၊ စာတန်မာရ်နတ်ကို သခင်ယေရှုနဲ့အတူ အောင်နိုင်ခွင့် ကိုပြင်ဆင်ပေး ထားတာဖြစ်ပါတယ်။ သမ္မာကျမ်းစာ ကိုလက်နက် အနေနဲ့ အသုံးပြုဖို့လည်း သွန်သင်ထားပါ တယ်။
ယေရမိအနာဂတ္တိကျမ်း ၂၃း ၂၉ - ငါ၏နှုတ်ကပတ်တော်သည် မီးကဲ့သို့၎င်း၊ ကျောက်ကို ထုခြေသော သံတူကဲ့ သို့၄င်းဖြစ်သည်မဟုတ်လောဟု ထာဝရဘုရား မေးတော်မူ၏။
သမ္မာကျမ်းစာအားဖြင့် စာတန်မာရ်နတ်ကို အနိုင်ယူရမှာဖြစ်ပါတယ်။
ဧဖက်သြဝါဒစာ ၆း ၁၀-၁၈ - ညီအစ်ကိုတို့ သခင်ဘုရားအားဖြင့်၄င်း၊ တန်ခိုးတော်အရှိန်အား ဖြင့်၄င်း၊ ခိုင်ခံ့ခြင်းရှိကြလော့။ ၁၁- မာရ်နတ်၏ ပရိယာယ် တို့ ကို စီးတားနိုင်မည်အကြောင်း ဘုရားသခင်ပြင်ဆင် တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။ ၁၂- အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်၊ အထွဋ်အမြတ် တို့နှင့်၄င်း၊ အာဏာစက်တို့နှင့်၄င်း၊ လောက်
မှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်၄င်း မိုင်းကောင်းကင်၌နေသော နတ်ဆိုးတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ရကြ၏။ ၁၃- ထိုကြောင့် ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကို ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်ကြလော့။
                  စာတန်မာရ်နတ်သည် အလွန်လိမ္မာပါးနပ်စွာ လှည့်စားတတ်တဲ့အတွက်၊ ကျနော်တို့ သိမြင်တတ် ကျွမ်းတဲ့အရာတွေနဲ့ ဘယ်လိုမှရင်ဆိုင်နိုင်မှာမဟုတ် ပါ။ ဘုရားသခင်ပြင်ဆင်ပေးသနားတော်မူသော လက်နက် များအားဖြင့်သာ အနိုင်ယူလို့ရမှာဖြစ်တဲ့ အတွက်၊ ထိုလက်နက်များကို အမြဲတမ်းဝတ်ဆင်ထား ရမှာဖြစ်ပါတယ်။ ထိုလက်နက်များမှာ -
ဧဖက် ၆း ၁၄-၁၈ - (၁) သစ္စာတည်းဟူ သော ခါးပန်း၊ စစ်သားတစ်ယောက်သည် ခါးပန်း (ခါးပတ်)မရှိလို့ မဖြစ်နိုင်သလို၊ ဘုရားသခင်၏ သားသမီး တယောက်အနေနှင့် သစ္စာမရှိလို့မရပါ။ သစ္စာမရှိရင်၊ ပွဲမဝင်ခင်ထဲက ရှုံးနေမှာဖြစ်ပါတယ်။ သစ္စာရှိပါ။ (၂) ဖြောင့်မတ်ခြင်းပါရမီတည်းဟူသော ရင်အုပ်၊ ဖြောင့်မတ် မှန်ကန်စွာအသက်ရှင်ခြင်း၊ မုသာကင်းခြင်း၊ မလိမ်ညာခြင်းကို ရင်အုပ်အနေ နဲ့ 
ဝတ်ဆင်ထားပါ။ ယခုခေတ် ကာလမှာ ကျည်ကာ အကျီလိုမျိုးဖြစ်ပါတယ်။ သို့မှသာ စာတန်ပစ်ခတ်တဲ့ မမှန်ကန်မှုတွေ၊ နှလုံးသားထဲကို ဝင်မလာနိုင်မှာဖြစ်ပါ တယ်။ ရိုးသားမှန်ကန်စွာ ဖြောင့်မတ်ခြင်းနဲ့ နှလုံးသား ကို ကာကွယ်ပါ။ (၃) ငြိမ်သက်ခြင်း ဧဝံဂေလိတရား ကို ဟောပြောရန် ပြင်ဆင်သော ခြေစွပ်၊ တနည်းအား ဖြင့် စစ်တိုက်ရန်ပြင်ဆင်တဲ့အခါ မရှိမဖြစ် ဝတ်ဆင် ရမဲ့ဖိနပ်ဖြစ်ပါတယ်။ သို့မှသာ ဆူးညှောင့်ခလုတ် အမျိုးမျိုးကို နင်းခြေနိုင်မယ်။ ဧဝံဂေလိသတင်း စကားကိုဝေငှနိုင်ရန်၊ သမ္မာကျမ်းစာကို အမြဲဖတ်ပြင်ဆင်နေရမှာဖြစ်ပါတယ်။ (၄) မာရ်နတ်ပစ်ခတ်သော
သော မီးစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်း၊ ဒိုင်းလွှားကို အခြားလက်နက်တွေမှာ ထပ်ဆင့် ယူဆောင်ဖို့ ဖော်ပြထားပါတယ်။ ယုံကြည်ခြင်း သခင်ယေရှု သမ္မာတရားကိုသာ
 နက်ရှိုင်းစွာ၊ ရိုးရှင်းစွာ ယုံကြည်ဖို့ အလွန်အရေးကြီး ပါတယ်။ ယုံကြည်ခြင်းကို ဒိုင်းလွှားအနေနဲ့ ပုံဆောင် ထားတာက၊ စာတန်မာရ်နတ် ၏ လွှဲမှားသော ဩဝါဒတွေ၊ သွန်သင်မှုတွေကို ယုံကြည်ခြင်းဒိုင်းလွှားနဲ့ကာသတ်နိုင်ဖို့ဖြစ်ပါတယ်။ (၅) ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံး။
ဦးနှောက်ထဲကို မကောင်းတဲ့အတွေးအခေါ် တွေ ဝင်မလာ နိုင်ဖို့၊ ကယ်တင်ခြင်းစိတ်ချမှုဆိုတဲ့ သံခမောက်ကို အမြဲဆောင်းထားရမှာဖြစ်ပါတယ်။ သခင်ယေရှုသာလျှင် ကယ်တင်ခြင်းကို ပေးပိုင်သော၊ အပြစ်များကို ဆေးကြောဖြေလွှတ်ပေးနိုင်သော တပါးတည်းသော ဘုရားရှင် ဖြစ်တယ်ဆိုတာကို သံသယကင်းစွာ ယုံကြည်ပါ။ ထိုယုံကြည်ခြင်း သံခမောက်ကို အမြဲဆောင်းထားခြင်းအားဖြင့် လွဲမှားသောတွေးခေါ်ကြံစည်မှုတွေကို အနိုင်ယူရမှာဖြစ်ပါတယ်။ (၆) ဘုရားသခင်၏ နှုတ်ကပတ်တော် ဟူသော ဝိညာဉ်တော်၏ ဓါး နှုတ်ကပတ် တော် သမ္မာကျမ်းစာကို ယုံ ကြည်၊ ခံယူလိုက်နာ၊
လေ့ကျင့်ခြင်း အားဖြင့် စာတန်မာရ်နတ်ကို ပြန်လည်တိုက်ခိုက်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျမ်းစာကို အမြဲဖတ်ပါ။ အသက်တာ အတွက်
အောင်မြင်ခြင်းကိုညွှန်ပြတဲ့လမ်းညွှန် ဖြစ်ပါတယ်။ (၇) ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်း ပဌနာပြုခြင်းအမျိုးမျိုးအားဖြင့် ဆုတောင်းပါ။ သခင်ယေရှုနာမ၌ ဆုတောင်းခြင်းကို လက်နက်တခု အနေနဲ့ ကိုင်စွဲဖို့ဘုရားသခင်အလိုတော်ရှိပါတယ်။ ဒါကြောင့် ဆုတောင်းပါ။ သခင်ယေရှု၏နာမသည် အံ့ဩဘွယ် နာမဖြစ်ပါတယ်။ ယုံကြည်သူ အယောက် စီတိုင်းအတွက် ဘုရားသခင်ပြင်ဆင်ပေးတော်မူသော ဆုကျေးဇူး၊ အခွင့်အရေးများကို သမ္မာကျမ်းစာအား ဖြင့် ယုံကြည်စွာ အသုံးပြုမယ်ဆိုရင်၊ စာတန်မာရ်နတ် ၏ပရိယာယ် များကို သခင်ယေရှုနှင့်အတူ သမ္မာ ကျမ်းစာအားဖြင့် အောင်နိုင်ခွင့်ကို ခံစားရရှိမှာဖြစ်ပါ တယ်။ သမ္မာကျမ်းစာက -ရှင်မာကုခရစ်ဝင် ၁၆း၁၇-၁၈ - ယုံကြည် သောသူ တို့၌ ဖြစ်လတံ့သော နိမိတ်လက္ခဏာဟူမူ ကား၊ ငါ၏နာမကို အမှီပြု၍ နတ်ဆိုးတို့ ကို နှင်ထုတ်ကြလတ္တံ့။ ထူးခြားသော ဘာသာစကားမျိုး တို့ကို ပြောကြလတ္တံ့။ ၁၈- မြွေတို့ကို ဘမ်းကိုင်ကြ လတံ့။ သေစေတတ် သောအဆိပ်အတောက်ကို သောက်စားလျှင် ဘေး ဥပဒ်နှင့် ကင်းလွတ်ကြ လတ္တံ့။ မကျန်းမမာသော သူတို့ အပေါ်မှာ လက်ကိုတင်၍ ချမ်းသာပေးကြ လတ္တံ့ဟု မိန့်တော် မူ၏။ ဒီအခွင့်အရေးကို အလွဲသုံးစားလုပ်ဖို့မဟုတ်ပါ။ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေဖို့၊ ယုံကြည်ခြင်းအားဖြင့် အစေခံဖို့ စာတန်မာရ်နတ်ကို နှုတ်ကပတ်တော် သမ္မာကျမ်းစာအားဖြင့် အနိုင်ယူနိုင်ဖို့၊ လမ်းပြထားတဲ့ လမ်းညွှန်မှုဖြစ်ပါတယ်။ ယုံကြည်စွာ နာခံလိုက် လျှောက်အသက်ရှင်ကြည့်ပါ။ အံ့ဩဘွယ် ရာများကို ကိုယ်တိုင် တွေ့ကြုံခံစားရရှိမှာဖြစ်ပါတယ်။ထိုအံ့သြဘွယ်ရာ ဘုရားသခင်၏ နှုတ်က ပတ်တော် ဂတိစကားများကို၊ နှလုံးသားထဲမှာ အမြဲတမ်း နေရာပေးထားမယ်ဆိုရင်၊ နှုတ်ကနေသမ္မာစကားများထွက်လာမယ်၊ အသက်တာမှာ - မင်္ဂလာရှိလာမယ်၊ ထိတွေ့ ဆက်ဆံသောသူများ ကို လည်း ထို မင်္ဂလာများ ကူးစက်စေနိုင်မှာ ဖြစ်ပါတယ်။
 ရှင်မဿဲခရစ်ဝင် ၁၂း၃၅-ကောင်းသောသူသည် ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသော အရာတို့ကို ထုတ်ဘော်တတ်၏။
မကောင်းသောသူသည် မကောင်းသော ဘဏ္ဍာတိုက် ထဲက မကောင်းသော အရာတို့ကို ထုတ်ဘော်တတ်
၏။ထိုကြောင့် နှလုံးသားကို သမ္မာတရားနဲ့ပြည့်ဝ နေစေပါ။ ကျမ်းစာကို အမြဲ ဖတ်ပါ။ အလွတ် ကျက် ပါ။ မြင်သာတဲ့ နေရာတွေမှာ ရေးပြီး ကပ်ထားပါ။ ကလေးသူငယ်များကို သွန်သင်ပါ။ မင်္ဂလာရှိသော မိသားစုဖြစ်လာမှာ ဖြစ်ပါတယ်။
တရားဟောရာကျမ်း ၆း ၅-၉ - ငါတို့၏ ဘုရားသခင်ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရား ဖြစ်တော်မူ၏။ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိ သမျှနှင့်ချစ်လော့။ ၆- ယနေ့ ငါမှာထားသော စကားကို နှလုံးသွင်းရမည်။ အိမ်၌ထိုင်လျက်နေသည် ဖြစ်စေ၊ ခရီး၌ သွားသည် ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကို ပြောရမည်။၈ထိုစကားကိုလည်း၊ သင်၏လက်၌ လက္ခဏာသက်သေဘို့ရာ၎င်း၊ သင်၏မျက်စိကြားမှာ သင်းကျစ်ကဲ့သို့ ၄င်း ချည်ထားရမည်။ ၉- အိမ်တံခါး၊ မြို့တံခါးတို့၌ လည်း ရေးထားရမည်။သမ္မာတရားသည် ဘဝအသက်တာလမ်းခရီး တလျှောက်လုံးကို၊ လမ်းပြပေးနေတဲ့၊အသက်တာရဲ့ လမ်းညွှန်ဖြစ်သောကြောင့် ထိုသမ္မာတရားနှင့် အမြဲသွားလာပါ။
ဆာလံကျမ်း ၁၁၉း ၁၀၅ - နှုတ်ကပတ် တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။
သုတ္တံကျမ်း ၂း၁၀-၁၁ - ပညာသင် ထသို့ဝင်၍၊ သင်သည် သိကြားခြင်း၌
မွေ့လျော်သောအခါ၊ သမ္မာသတိသည် သင့်ကို ထိန်းသိမ်း၍၊ ဉာဏ်သည်လည်း စောင့်ရှောက်သဖြင့် ဆိုးသောလမ်းမှ ကယ်တင် လိမ့်မည်။
သမ္မာတရားနဲ့အတူ သွားလာတတ်လာတဲ့ အခါ၊ ထိုသမ္မာတရားသည် သတိပေးမယ်၊ လမ်းပြ မယ်။ ထိန်းသိမ်းကွယ်ကာပြီး၊ စောင့်ရှောက်ပေးမှာ ဖြစ်ပါတယ်။
သုတ္တံကျမ်း ၃း၂၁-၂၆ - ငါ့သား၊ ပညာရတ နာနှင့် သမ္မာသတိကို သင့်မျက်မှောက်မှ မကွာစေဘဲ၊ အစဉ် စောင့်ရှောက်လော့။ သို့ပြုလျှင်၊ ထိုရတနာ တို့သည် သင်၏ဝိညာဉ်၌ အသက်၊ သင်၏လည်ပင်း၌ ဂုဏ်အသရေ ဖြစ်လိမ့်မည်။ ၂၃- သင်သည် ခရီးသွားရာ၌ ဘေးမရှိ။ ခြေမတိုက်မိဘဲ သွား လိမ့်မည်။ ၂၄- အိပ်သောအခါ ကြောက်စရာမရှိရ။ ကောင်းမွန်စွာ အိပ်ပျော်ရလိမ့်မည်။ ၂၅- လျှင်မြန်သောဘေးနှင့် လူဆိုးတွေ့တတ်သော ပျက်စီးရာဘေး ကို ကြောက်စရာမရှိရ။ ၂၆- အကြောင်းမူကား၊ ထာဝရဘုရားသည် သင်ယုံကြည်ကိုးစားရာ ဖြစ်၍၊ သင်၏ခြေကိုမကျော့မိစေခြင်းငှါ စောင့်မတော်မူ လိမ့်မည်။
ထိုကဲ့ သို့ လိုလေးသေးမရှိ၊ ပြည့်စုံစွာ ကျွန်တော်တို့ ဘဝခရီးအတွက်၊ လမ်းပြပေးနေသော အသက်တာ၏ လမ်းညွှန်ဖြစ်သည့် သမ္မာတရား၊ ထာဝရဘုရား၏ ဂတိတော်၊ နှုတ်ထွက်စကားများကို ဘယ်အရာနဲ့မှ နှိုင်းယှဉ် တန်ဖိုး ဖြတ်၍မရနိုင်သောကြောင့်၊ တန်ဖိုးထား၊ စောင့်ရှောက်ပြီး၊ ခံယူယုံကြည် ဖို့၊ လိုက်နာလေ့ကျင့် ဖို့လိုပါတယ်။
ဆာလံကျမ်း ၁၁၉း၇၂ - နှုတ်တော်ထွက် တရားတော်သည် ရွှေ၊ ငွေ၊ ထောင်အသောင်းထက်မက၊ အကျွန်ုပ်၌ သာ၍ကောင်းပါ၏။
ထိုတန်ဖိုးဖြတ်၍မရနိုင်သော ထာဝရဘုရား ၏ နှုတ်ထွက်စကား၊ သမ္မာတရားကို ခံယူလိုသော စိတ်နှင့် ကလေးသူငယ်ကဲ့သို့ အလွန်လိုချင်သော စိတ်နှင့် ရိုးရှင်းစွာခံယူကြည့်ပါ။
ရှင်ပေတရုသြဝါဒစာပဌမစောင် ၂း ၁-၃ - ထိုကြောင့် သင်တို့သည် ဘုရားသခင်၏ ကျေးဇူး
တော်ကို မြည်းစမ်း ကြသည်ဖြစ်၍၊ အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်း ရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်း အလိုငှါ၊ နှုတ်ကပတ်တရား၏ နို့စစ်အားဖြင့် ကြီးပွား မည်အကြောင်း၊ ထိုတရားနို့ကို အလွန်လိုချင်သော စိတ်ရှိကြလော့။
ရှင်ယာကုပ်ဩဝါဒစာ ၁း ၂၁ - ထိုကြောင့် ခပ်သိမ်းသော ညစ်ညူးခြင်း၊ မနာလိုသောစိတ် လွန်ကျူးခြင်းကို ပယ်ရှား၍၊ သင်တို့စိတ်ဝိညာဉ်ကိုကယ်တင်နိုင်သောအထဲ၌ စိုက်ပျိုးသော နှုတ်ကပတ် တရားကို နူးညံ့သိမ်မွေ့သောစိတ်နှင့် ခံယူကြလော့။
အလွန်လိုချင်သောစိတ်၊ နူးညံ့သိမ်မွေ့သော စိတ်နှင့်ခံယူပြီး၊ လက်တွေ့လိုက်နာလေ့ကျင့်ရမှာ ဖြစ်ပါတယ်။
ရှင်ယာကုပ်ဩဝါဒစာ ၁ : ၂၂-၂၅ - ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူ မဟုတ်။ တရားကိုကျင့်သော သူ ဖြစ်ကြလော့။ ၂၃- တ ရားကို မကျင့် ဘဲ၊ နာရံ မျှ သာပြုသော သူ မည် သည် ကား၊ မှန် ၌ မိမိပကတိမျက်နှာကို ကြည့်သောသူနှင့်တူ၏။ ၂၄အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ အ သွား၍ မိမိအဆင်းသဏ္ဍာန်ကို ချက်ခြင်းမေ့လျော့ တတ်၏။။     ၂၅လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သော တရား၌ စေ့စေ့ကြည့်ရှု၍၊ တည်ကြည်သောသူမူကားတရားနာ၍ မေ့လျော့သောသူမဟုတ်၊ အကျင့်ကျင့်သောသူ ဖြစ်သဖြင့် မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိ၏။
ထိုကဲ့သို့ လက်တွေ့နာခံလေ့ကျင့်မယ်ဆိုရင် ဆာလံကျမ်း ၁၁၉း၅၀ - ဗျာဒိတ်တော်အားဖြင့် အကျွန်ုပ်အသက်ရှင်သည်ဖြစ်၍ ဆင်းရဲခံရစဉ်တွင် ထိုနှုတ်ကပတ်တော်သည် အကျွန်ုပ်သက်သာစရာ အကြောင်းဖြစ်ပါ၏။ ၁၆၅ - တရားတော်ကို နှစ်သက်သောသူတို့၌ ကြီးစွာသောငြိမ်ဝပ်ခြင်းရှိပါ၏။ သူတို့စိတ်ပျက်စရာအကြောင်းမရှိပါ။
အသက်တာများကို ပြောင်းလဲစေသော၊ နှလုံးသားကို နူးညံ့စေသော နှုတ်ကပတ်တော်၊ အသက်တာ လမ်းညွှန်၊ တန်ဖိုးဖြတ်လို့မရနိုင်သော၊ ထာဝရဘုရား၏ ဂတိတော်များ၊ ကွယ်ကာစောင်မ၍ လမ်းပြကောင်းကြီး ပေးလျက်ရှိသော ထိုတန်ခိုးတော်ကို ဆာလံဆရာက ဆာလံကျမ်း ၁၉း၇-၁၁ မှာ စုံလင်စွာဖော်ပြထားပါတယ်။
ဆာလံ ၁၉၇ - ထာဝရဘုရား၏ တရား တော်သည် စုံလင်သည်ဖြစ်၍၊ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရ ဘုရား၏ သက်သေခံတော်မူ ချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသော သူတို့ကို လိမ္မာစေတတ်၏။ ၈- ထာဝရဘုရား၏ နည်းဥပဒေသတို့ သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရ ဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍ မျက်စိကို ရှင်းလင်းစေတတ်၏။ ၉- ထာဝရဘု ရားကို
ကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည်ဖြစ်၍၊ ကာလအစဉ်အမြဲတည်၏။ ထာဝရဘု ရား၏ စီရင်တော် မူချက်တို့သည် သစ္စာတရားနှင့်ညီ၍ တညီတညွတ်တည်းဖြောင့် မတ်ကြ၏။ ၁၀-ရွှေလက်မကများစွာသော ရွှေစင်ထက် နှစ်သက် တွယ်ဖြစ်၍ ပျားရည်ထက်မက၊ ဖျားလဘို့ထက်ချိုကြ ၏။ ၁၁- တရားတော်အားဖြင့် ကိုယ်တော်၏ ကျွန်သည် သတိရ၍၊ တရားစောင့်ခြင်းအကျိုးသည် ကြီးလှပါ၏။
နှလုံးသားကို နူးညံ့စေသော၊ အသက်တာကို ပြောင်းလဲစေသော၊ သမ္မာကျမ်းစာ၊ စာတန်မာရ်နတ် ၏ ပရိယာယ်၊ လှည့်စားမှုများကို သိမြင်ကျော်ဖြတ် အနိုင်ယူနိုင်သော၊ ထာဝရဘုရား၏ နှုတ်ကပတ်
တော်၊ သမ္မာကျမ်းစာကို တန်ဖိုးထားဖတ်ရွတ်ခြင်း၊ ယုံကြည်၊ နာခံ၊ လိုက်လျှောက် အသက်ရှင်ခြင်း အားဖြင့်၊ ဘုရားသခင်၏ ဘုန်းနာမတော်ကို သာ၍ ထင်ရှားစေဘို့ရန် အစေခံနိုင်သောသူများ ဖြစ်ကြပါစို့။
သမ္မာကျမ်းစာအားဖြင့်၊အောင်မြင်စွာရှင်သန်နိုင်သောသူများဖြစ်ရန်ရည်ရွယ်လျက်၊ကြီးမြတ်သောသခင်ယေရှု၏နာမတော်၌။

ဆရာဦးမောင်မောင်ချစ်


Saturday, 11 January 2020

ယေရှုခရစ်တော်ငရဲသို့သွားခဲ့ပါသလား ?


- ယေရူခရစ်တော် ငရဲသွားခဲ့သလား ------------ ?
  =========================

- ယေရူခရစ်တော် လက်ဝါးကပ်တိုင်မှာ အသေခံခဲ့ပြီး သုံးရက်
မြောက်သောနေ့ ရှင်ပြန်ထမြောက်ခြင်း မထိုင်မှီ ဘယ်ကို သွားခဲ့တာလဲ ?။ ဒီမေးခွန်းက ၁၉ ရာစုလောက်ကနေ စပြီး ခရစ်ယာန် တွေ နဲ့ အသင်းတော်တွေကြား အမြင်အမျိုးမျိုးနဲ့ စတင် ဆွေးနွေးလာခဲ့ကြတာ ဒီနေ့အထိ မပြီးဆုံး တဲ့ပြသာနာ တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော် လေ့လာတွေ့ရှိမှုအရ ငရဲ(ကန့်မီးအိုင်)ကို ယေရူခရစ်တော် သွားခဲ့တယ်ဆိုတာကို ယုံကြည်တဲ့သူ
အရမ်းကိုနည်းပါတယ်။ အထူးသဖြင့် ဒီပြသာနာက မြန်မာပြည်မှာ လူသိများနေတဲ့ ဆရာစံတိုး နဲ့ အချို့ဆရာများရဲ့ ဟောပြော သွန် သင်မှုတွေကနေ သဘောထားအမြင်တွေ ကွဲလာကြပါတယ်။
တစ်ချို့ ကလဲ ဇဝေဇဝါ ဖြစ်နေကြပါတယ်။ဒါကြောင့် ဒီပြသာနာကို အချိန်ယူပြီး ဂရိစာပေပညာရှင်တွေ ဆက်သွယ် မေးမြန်းပြီး စာအုပ်များစွာ၊ ကျမ်းစာနှင့် ခရစ်ယာန် သမိုင်းကို ဂရုတစိုက်ပြန် လည် လေ့လာပြီး တင်ပြခြင်းဖြစ်ပါတယ်။ ဒ့ါကြောင့် ကိုယ် သ
ဘောကျတဲ့ ဆရာတွေဖက် ရပ်တည်ပြီးတော့ မိမိစိတ်ခံစားချက် အခြေခံကာ ငြင်းခုံခြင်းမဟုတ်ပဲ စာကိုအဆုံးထိ သေချာစွာ လေ့လာဖတ်ရှုပြီးမှ အမှား၊ အမှန်ကို ဆုံးဖြတ်ပြီး Comment ပေး
ကြပါလို့ မေတ္တာရပ်ခံ ပါရစေ။

- ယေရူခရစ်တော် ငရဲသွားခဲ့တယ်လို့ ယုံကြည်လို့ ငရဲမကျသလို
ကယ်တင်ခြင်းလည်း မရှုံးဆုံးပါဘူး။ မိစ္ဆာဒိဠိအယူလို့လဲ သမိုင်းတစ်လျောက်မှာ သက်မှတ်ခဲ့ခြင်း မရှိခဲ့ကြပါဘူး။ ကျမ်းအမြင်မှား
ခြင်းလို့တော့ သက်မှတ်ကြပါတယ်။ ကျွန်တော်ကတော့ မိစ္ဆာဒိဠိအယူနဲ့ နီးစပ်ပြီး အရမ်းအန္တရယ်များတဲ့ ခံယူချက်လို့တော့ သက်
မှတ်ပါရစေ။ အကြောင်းကတော့ ဒီခံယူချက်ကနေ လက်ဝါးကပ် တိုင်မှာ ခရစ်တော် အသေခံခြင်းက မလုံလောက်ဘူးဆိုတဲ့ ခံယူ
ချက်တွေ ဖြစ်ပေါ်စေလို့ပါ။ ယနေ့ ကမ္ဘာသိကျော်ကြားတဲ့ joel osteen နဲ့ joyce meyer တို့က ခရစ်တော် ကားတိုင်မှာ အသေခံခြင်းက လုံလောက်မှုမရှိကြောင်း ငရဲသွားပြီး ထပ်မံပေးဆပ်ခဲ့ရတယ်လို့ လွဲမှားစွာ ခံယူပြီး သွန်သင်ကြပါတယ်။ ဒီ ခံယူ
ချက်ကိုတော့ အားမနာတမ်း ပြောရရင်တော့ ပြီးစုံတဲ့ခရစ်တော်ရဲ့ အသေခံခြင်းကို ငြင်းဆိုခြင်းဖြစ်လို့ မိစ္ဆာဒိဠိအယူအဖြစ် အသင်း
တော်သမိုင်းမှာ သက်မှတ်ကြခဲ့သလို ဒီနေ့အထိ အသင်းတော် များက လက်မခံကြတဲ့ သွန်သင်မှုဖြစ်ပါတယ်။

၁။ ယေရူခရစ်တော် ငရဲသွားခြင်း နဲ့ အသင်းတော်သမိုင်း

-  ယေရူခရစ်တော် ငရဲသွားခဲ့တယ် ဆိုတဲ့စာကြောင်းကို ဓမ္မသစ် ကျမ်းဘယ်နေရာမှာမှ လုံးဝမရှိပါဘူး။ သွားခဲ့တယ်ဆိုတဲ့ ထင်မှားစရာရှိတဲ့ စာကြောင်းတော့ ရှိပါတယ်။ ယေရူခရစ်တော် ငရဲသွားခဲ့တယ် ဆိုတဲ့ စာကြောင်းကို ဓမ္မသစ်ကျမ်းပြီးတဲ့ နောက်ပိုင်း နှစ်
ပေါင်းသုံးရာကျော် AD 390ခန့်လောက်က Apostle's Creed မှာ စတင်တွေ့ရှိရပါတယ်။ အစောဆုံး AD 140ခန့်မှာ
တွေ့ရတဲ့ ရောမမြို့က တမန်တော်များ ယုံကြည်ချက်မှာတော့ ယေရူခရစ်တော် ငရဲသွားတယ် ဆိုတဲ့စာကြောင်း မရှိပါဘူး။ AD
325ခုနှစ်က Nicene Creed မှာလည်း လုံးဝမတွေ့ရပါဘူး။
ဒါကြောင့် ပညာရှင်များက အများစုက AD 390 ခန့်လောက်မှာ
ရှစ်ကြောင်းမြောက် စာကြောင်းဖြစ်တဲ့  ယေရူခရစ်တော် ငရဲသွား
တယ်ဆိုတဲ့ စာသားကိုApostle's Creed မှာ ပြန်လည်ဖြည့်စွတ်ခြင်း ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီနောက်ပိုင်း AD 650 လောက်ထိ ဒီစာကြောင်းကို ဘယ်နေရာမှာမှ ရေးသားတာ မတွေ့ရတာ့ပါဘူး။ တမန်တော်များ ယုံကြည်ချက်(Apostle's Creed) မှားတာလား ယုံကြည်လက်ခံသင့်လားဆိုတာ မေးစ ရာ မေးခွန်းဖြစ်လာပါတယ်။ ယနေ့ ခေတ်မှာ Apostle's Creed ကို Roman Catholic, Lutheran, Orthodox နှင့် Anglican အသင်းတော်တို့က ယုံကြည်
လက်ခံကြသလို Presbyterian, Mothodists နှင့် Baptists အသင်းတော် မချို့ကလည်း ယနေ့ထိသုံးစွဲယုံ
ကြည်ကြပါတယ်။ အခြားအသင်းတော်များနဲ့ မိမိရဲ့မိခင်အသင်း
တော်ဖြစ်တဲ့ Belivers Church ကလည်း ယုံကြည်လက်ခံဆဲပါ။ ဒါပေမယ့် ဒီအသင်းတော်အားလုံးက ယေရူခရစ်တော် ငရဲ (ထာဝရ ကန့်မီးအိုင်)ကို သွားခဲ့တယ်ဆိုတာကိုတော့ မယုံကြပါဘူး။ 1576 ခုနှစ်မှာ ကျမ်းပညာရှင်ဖြစ်တဲ့ Caspar Olevianus ရဲ့ Creeds တွေကို လေ့လာချက်အရ ဘယ်
Protestants အသင်းတော်က ၁၆ ရာစု နှင့် ၁၈ ရာစုထိ
ယေရူခရစ်တော် ငရဲသွားခဲ့တယ်ဆိုတာကို မယုံကြည်ကြပေမယ့်
တမန်တော်များ ယုံကြည်ချက်(Apostle's Creed)မှာရှိတဲ့
ယေရူခရစ်တော် ငရဲသွားတယ်ဆိုတဲ့စာသားကို မတူတဲ့အဓိပ္ပယ် ခံယူချက်တွေတော့ ရှိကြောင်းဖော်ပြခဲ့ပါတယ်။ ကျမ်းပညာရှင်
တစ်ဦးဖြစ်တဲ့ Louise Berkhof ကအသင်းတော်များရဲ့ ယေရူခရစ်တော် ငရဲသွားခဲ့တယ် ဆိုတဲ့ အဓိပ္ပာယ်ခံယူချက်ကို
အောက်ပါအတိုင်း ရေသားဖော်ပြခဲ့ပါတယ်။

-Roman Catholic အသင်းတော်က ခရစ်တော်သွားခဲ့တဲ့
နေရာက ကောင်းကင်နဲ့ ငရဲကြား ဓမ္မဟောင်းက ဘုရားသားသ မီးများနားခိုရာ သေရွာ( Limbus Patrum) ဖြစ်ပြီး ကောင်း
ကင်နိုင်ငံ ခေါ်သွားဖို့ရန် သတင်းကောင်း(Gospel)သွားရောက်
ဟောခဲ့ခြင်းဖြစ်တယ်လို့ ခံယူကြပါတယ်။

- Lutherans နဲ့ Protestants အသင်းတော်အများစုက
ခရစ်တော်သွားခဲ့တဲ့ နေရာက သေဆုံးသူတို့ရဲ့ ဝိညာဉ်ရောက်အ
အရပ်(Hade) ဖြစ်ပြီး သတင်းကောင်း(Gospel) မဟုတ်ဘဲ
သေမင်းကိုအောင်မြင်ခြင်း ကြေငြာအောင်ပွဲခံခြင်းဖြစ်တယ်လို့ ခံ
ယူကြပါတယ်။

- The Church of England အသင်းတော်က ခရစ်တော် သွားခဲ့တဲ့ နေရာက သင်္ချိုင်း(Grave) ဒါမှမဟုတ် သုခဘုံ (Paradise) ဖြစ်ပြီး ပြည့်စုံတဲ့ သမ္မာတရားကို ပေးခဲ့ခြင်းဖြစ်
တယ်လို ခံယူကြပါတယ်။

- ဒါကြောင့် အသင်းတော်တွေရဲ့ အဓိပ္ပာယ်ခံယူချက်မတူကြပေ
မယ့်လို့  ယေရူခရစ်တော် ငရဲ(ထာဝရ ကန့်မီးအိုင်)ကိုသွားတယ် ဆိုတာကိုတော့ လက်မခံကြပါဘူး။ ချုံးပြီးပြောရရင် ၁၉ ရာစုမ
ရောက်ခင် ဘယ်အသင်းတော်ကမှ လက်ခံမယုံကြည်ကြပါဘူး။
ဒီခေတ်အသုံးများတဲ့ တမန်တော် ယုံကြည်ချက်မှာ ခရစ်တော်
သဂြိုင်္လ်ခြင်းခံကာလို့သာ သုံးနှုန်းကြပါတယ်။

၂။ ယေရူခရစ်တော် ငရဲသွားခြင်း နဲ့ သမ္မာကျမ်းစာ

- ဘာဖြစ်လို့ နှစ်ပေါင်း တစ်ထောင့်ငါးရာကျော် အသင်းတော်မှာ ဒီ
ပြသာနာမရှိခဲ့လဲဆိုရင်တော့ ဂရိအသုံးနှုန်းကို ကောင်းမွန်စွာနား
လည်ခဲ့ကြလို့ ဖြစ်ပါတယ်။ အခြေခံအားဖြင့် ဓမ္မဟောင်းကျမ်းက
ဟေဗြဲဘာသာ(Hebrew)ဖြစ်ပြီး ဓမ္မသစ်ကျမ်းကတော့ ဂရိဘာသာ (Greek)စကားဖြစ်ပါတယ်။ ဒါကို အင်္ဂလိပ်လိုဘာသာ
ပြန်လာတဲ့အခါ မတူတဲ့ ဘာဘာပြန်မှုတွေ ရှိလာပါတယ်။ လက်ရှိ
အင်္ဂလိပ်ဘာသာပြန် ကျမ်းစာပေါင်း 450 ကျော်ရှိပါတယ်။ ဒီလို
အခြေနေမှာ အင်္ဂလိပ်ကျမ်းစာ ဘာသာပြန်တစ်မျိုးကိုသာ မလေ့လာပဲ အနည်းဆုံး သုံးလေးအုပ်ကို လေ့လာသင့်ပါတယ်။ အထူးသဖြင့် လူသုံးများတဲ့ ESV,ASV,NKJV,NIV နဲ့ NRSV တို့
ကိုနှိုင်းယဉ်လေ့လာသင့်ပါတယ်။မူရင်းဘာသာစကား လေ့လာနိုင်
ရင်တော့ ပိုအစဉ်ပြေပါတယ်။ ဆရာကြီး ယုဒသာန် ဘာသာပြန်ခဲ့
တဲ့ မြန်မာကျမ်းစာမှာ အားနည်းချက်များစွာ ရှိပါတယ်။ မှားတယ်
မသုံးရဘူးလို့တော့ မဆိုလိုပါဘူး။ ဒီကိစ္စကို ဇဝေဇဝါဖြစ်စေတဲ့
အဓိကကတော့ မူရင်းဘာသာစကားမှ အခြားဘာသာသို့ ဘာသာ
ပြန်လွဲမှား မှုတွေကြောင့်သာဖြစ်ပါတယ်။ ဂရိ စကားလုံးဖြစ်တဲ့
Hades(ᾅδης) နဲ့ Gehenna( Γέεννα) ကို အင်္ဂလိပ်
လို Hell(ငရဲ)လို့ ဘာသာပြန်တတ်ကြလို့ပါ။ အမှန်ကတော့
နှစ်ခုလုံးကို ငရဲလို့ ပြန်လို့မရပါဘူး။ Hades(ᾅδης) ရဲ့
ဆိုလိုရင်းက ငရဲမဟုတ်ပဲ မရဏနိုင်ငံ(သေဆုံးသူတို့၏ ဝိညာဉ် ရောက်ရာအရပ်) သာဖြစ်ပါတယ်။ ဓမ္မဟောင်းကျမ်းက ဟေဗြဲစကား လုံးဖြစ်တဲ့ She’ol( שְׁאוֹל)နဲ့ ဆိုလိုရင်း အဓိပ္ပာယ်တူပါတယ်။ Gehenna ( Γέεννα) စကားလုံးသာ ငရဲ(ကန့်မီး
အိုင်) လို့ ဘာသာပြန်ကြပါတယ်။ ရှင်မသဲ 13:42, 25:46,
ရှင်ပေတရု(ဒု) 2:17, ဗျာဒိတ်ကျမ်း 2:11, 20:6,14, 21:8, 19:20, 20:10, 21:8 တို့ ထာဝရ ငရဲမီးအိုင် အဖြစ်ထိကျစွာ
ဖော်ပြထားပါတယ်။  ဒီလိုပြသာနာကို ဖြစ်စေတာက1611 ခုနှစ် မှာ ထုတ်ဝေခဲ့တဲ့ King James Version ကျမ်းစာမှာ Hades(ᾅδης) ကို ငရဲ(Hell) လို့ ဘာသာပြန်ဆိုမူ တွေ
ကြောင့်သာဖြစ်ပါတယ်။ KJV ကျမ်းဘာသာပြန် အားနည်းမှုများ
စွာရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပိုပြီးလေ့လာချင်ရင်တော့ Dr. James R.White ရေးသားတဲ့ King James Only Controversy ဆိုတဲ့စာအုပ် ဖတ်စေချင်ပါတယ်။
ဒီပြသာနာတွေကြောင့် ၁၆ ရာစုကနေ ဂရိစကားလုံးဖြစ်တဲ့
(ᾅδης) ကို အင်္ဂလိပ်လို Hades(သေရွာ)လို့ တိုက်ရိုက်
ရေသား ဘာသာပြန်ကြခြင်း ဖြစ်ပါတယ်။ အပေါ်မှာ ပြောထားတဲ့
အတိုင်း ယေရူခရစ်တော် ငရဲသွားတယ်ဆိုတာ ကျမ်းစာဘယ်နေရာမှ မရှိပေမယ့် ထင်မြင်စရာကျမ်းတွေရှိပါတယ်။

📕အကြောင်း မူကား၊ ကိုယ်တော်သည်အကျွန်ုပ်၏ ဝိညာဉ်ကိုမရဏာနိုင်ငံ၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသော သူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော်မမူဘဲလျက်၊ အသက်ရှင်ခြင်း လမ်းကို ပြညွန်တော်မူလိမ့်မည်။  (တမန်တော် ၂:၂၇)

- ဒီကျမ်းချက်က ရှင်ပေတရုဟောကြားချက်ဖြစ်ပြီး ဆာလံကျမ်း ၁၆: ၁၀ မှာကောက်နုတ်ထားခြင်းဖြစ်ပါတယ်။ ဒီမှာ ပေတရု
ပြောချင်တာက ယေရူခရစ်တော် ငရဲကိုသွားခဲ့တယ်ဆို မဟုတ်ဘဲ ဒါဝိဒ်မင်းကြီးလို ကိုယ်ခန္ဓာ ယိုယွင်းပျက်စီးမှု မရှိဘဲ ပြန်လည်ထ
မြောက်ပြီးကြောင်းကို ဟောပြောခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ဆရာ စံတိုးက ယေရူခရစ်တော် ငရဲကျမယ်ဆိုတာ ဆာလံကျမ်းမှာကြိုတင် ဟောထားပြီကြောင်း ပြောခဲ့ပါတယ်။ ဆရာစံတိုးက
မူရင်းဖတ်ဖို့ အမြဲပြောဆိုလေ့ရှိပါတယ်။ ကောင်းပါတယ် ဒါပေမယ့် ဆရာဘယ်လောက်ထိ ဟေဗြဲ နဲ့ ဂရိလေ့လာလဲဆိုကတော့
သံသယဖြစ်မိပါတယ်။ ဒီကျမ်းမှာဖော်ပြတဲ့ မရဏာနိုင်ငံဆိုတာ
ဟေဗြဲကျမ်းမှာ She’ol( שְׁאוֹל)လို့ ရေးသာထားပြီး ဓမ္မသစ်မ
ပေါ်မှီ နှစ်ပေါင်းနှစ်ရာခန့် ဂရိလိုဘာသာပြန်ထားတဲ့ Septuagint ဓမ္မဟောင်းကျမ်းမှာ She’ol( שְׁאוֹל)
ကို ဂရိလို Hades(ᾅδης)လို့ ဘာသာပြန်ထားပါတယ်။ ခရစ်
တော်ခေတ်ကာလတုန်းမှာ ဂရိဘာပြန်ထားတဲ့ ဓမ္မဟောင်းကျမ်းသာ အသုံးပြုခဲ့ကြတာပါ။ ဒါကြောင့် မရဏာနိုင်ငံဆိုတာ လုံးဝ ငရဲ (ကန့်မီးအိုင်) ဆိုလိုခြင်း မဟုတ်ပါဘူး။

📕 ခရစ်တော်သည် ကိုယ်ခန္ဓွာအားဖြင့် အသေသတ်ခြင်းကိုခံ၍ ဝိညာဉ်တော် အားဖြင့် အသက်ရှင်ခြင်း သို့ ရောက်တော်မူသည်ဖြစ်၍ ငါတို့ကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင်ခြင်းငှါ၊ ဖြောင့်မတ်တော်မူသောသူသည် မဖြောင့်မတ်သောသူတို့ အတွက် ဒုစရိုက်အပြစ်များကြောင့် တခါခံတော် မူ၏။ 19 ကြွသွားတော်မူ၍ ယခု ထောင်ထဲမှာလှောင်ထားသော ဝိညာဉ်တို့အား တရားဟောတော်မူ၏။  (ရှင်ပေတရု(ပ) ၃:၁၈ -၁၉)

- ဒီကျမ်းချက်ကို ယေရူခရစ်တော် ငရဲသွားပြီး တရားသွားဟောတယ်လို ထင်မှတ်တတ်ကြပါတယ်။ တစ်ကယ်လို့ ငရဲသွားပြီး
ဟောတယ်ဆိုရင် ငရဲကျတဲ့သူတွေ ကယ်တင်ခြင်းခံစားဖို့ အခွင့်
ရှိသေးသလို ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် နောက်ဆုံးနေ့ရက်မှာ
ထာဝရငရဲ မီးအိုင်ကျမည့် ဘုရားကို ပုန်ကန်ခဲ့တဲ့ ကောင်းကင်
တမန်များကို ဟောကြားခြင်းသာ ဖြစ်ပါတယ်။ ဒီနေရာမှာ ခရစ်
တော် ဟောတဲ့တရားက သတင်းကောင်း(Gospel)မဟုတ်ဘဲ
သေခြင်းကိုအောင်တဲ့ ကြေငြာခြင်း တရားသာဖြစ်ပါတယ်။

- အဆုံးသတ်အနေဖြင့် ခရစ်တော် ငရဲမသွားဘူးဆိုတာကို အောက်ပါ ကျမ်းသုံးချက် ရှင်းလင်းစွာ ဖော်ပြပါတယ်။

📕 ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင်သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည် ဟုမိန့်တော်မူ၏။  (ရှင်လုကာ 23:43)

- ပရိဒိဘုံဆိုတာ ကောင်းကင်နိုင်ငံတော်(Heaven) နဲ့ မတူပေ
မယ့် ကောင်ကနိုင်ငံထဲပါဝင်ကြောင်း အခြားကျမ်းဖြစ်တဲ့ 1 cor
13:4, Revelation 2:7, 22:2 တို့မှာ ရှင်းလင်းစွာရေးသား
ထားပါတယ်။

📕ယေရှုသည် ပုံးရည်ကိုခံပြီးမှ၊ အမှုပြီးပြီဟုမိန့်တော်မူလျက်၊
ခေါင်းတော်ကိုငိုက်စိုက်ညွှတ်၍ အသက်တော် ကိုစွန့်တော်မူ၏။  (Joh 19:30)

- ဒီကျမ်းမှာ ခရစ်တော်က သူအသေခံခြင်းက အပြစ်သားများ
ကယ်တင်ဖို့လုံလောက်ပြီဖြစ်ကြောင်းကို အမူပြီးလို့ ပြောဆိုတဲ့
အတွက် ငရဲသွားစရာ အကြောင်းမရှိပါဘူး။

📕  ယေရှုသည်လည်းကြီးသော အသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အကျွန်ုပ် စိတ်ဝိညာဉ်ကို ကိုယ်တော် လက်၌အကျွန်ုပ် အပ်ပါ၏ ဟု မိန့်တော်မူလျက်အသက်ချုပ်တော်မူ၏။  (Luk 23:46)

- ဒီကျမ်းစာမှာ ခရစ်တော်ကိုယ်တိုင် သူ့ဝိညာဉ်ကို ခမည်းတော်
ထံအပ်နှံတဲ့ အတွက် ဘယ်မှာမှသွားစရာ အကြောင်းမရှိပါဘူး။
ဒီလိုဘဲ တမန်တော်ဝတ္တု 7:59 သတေဖန်က သူ့ ဝိညာဉ်ကို
ဘုရားလက်တော်၌ အပ်နှံထားခဲ့ပါတယ်။

- ကျမ်းစာတစ်ခုလုံးမှာ ယေရူခရစ်တော် ငရဲသွားတယ်ဆိုတာ မသွန်သင်သလို အသင်းတော် သမိုင်းတွေအရ ရှေးယုံကြည်သူများ
လက်ခံယုံကြည်ခဲ့တဲ့ အရာလည်းမဖြစ်တဲ့အတွက် ယနေ့ယုံကြည်သူများကလည်း ငြင်းပယ်သင့်တဲ့ အယူဝါဒဖြစ်ကြောင်း တင်ပြ
လိုပါတယ်။ စာဖတ်သူအားလုံး သမ္မာတရားဖတ်မှာ ရပ်တည်နိုင်
ကြပါစေလို့ မေတ္တာပို့ ဆုတောင်းပေးပါတယ်...။

- မေတ္တာဖြင့်
- ရှိုင်းကိုကိုလင်း(SLT)

- Note and recommended Reading

- The Apostle' Creed: Discovering Authentic
  Christianity in an Age of Counterfeits by
  Albert Mohler
- Systematic Theology by Wayne A. grudem
- Systematic Theology by l. Berkhof
- New Dictionary of Theology by R.J
  Bauckam
- Reformation Study Bible editor by R.C
  Sproul
- Did Jesus go hell ? by Hqnk Hanegraaff
- ESV study Bible
- The Apologetic Study Bible

Monday, 9 December 2019

ကယ်တင်ခြင်းဆိုတာလွတ်လပ်ခြင်း

ကယ်တင်ခြင်းရဲ့တခြားအဓိပ္ပါယ်ကတော့ လွတ်လပ်ခြင်းပါပဲ။ ကျမ်းစာထဲမှာ ''ငါတို့သည် ဒုက္ခထဲရောက်သောအခါ၊ ထာဝရဘုရားကို ခေါ်ပါ၏။ ထာဝရဘုရားသည် နားညောင်းလျက် လွတ်မြောက်စေတော် မူ၏'' လို့ ရေးထားပါတယ်။ [ ဆာလံ ၁၁၈ ]

ယေရှုက ဘယ်အရာကနေ လွတ်မြောက်ဖို့ ကျွနု်ပ်တို့ကို ခေါ် ဖိတ်ပါသလဲ၊ အတိတ်ရဲ့အပြစ်၊ ဒုစရိုက်မှမလုံခြင်း။ ဒီစိတ်ခံစားမှုဟာ ဘုရား သခင်ပေးတဲ့စိတ်၊ စံနှုန်းများကို ခိုျးဖောက်တဲ့အတွက် ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုပါ။ ပေးဆပ်ရတဲ့ခံစားမှုပါ။ ဥပဒေချိုးဖေါက်ရင်၊ ပြစ်ဒဏ် ခံစားရမယ်ဆိုတာ ကျွနု်ပ်တို့အသိဖြစ်ပါတယ်။ ကျွန်တော်တို့ လည်း ဘုရားသခင်ရဲ့ဥပဒေကိုချိုးဖေါက်ရင်၊ အဲဒီအတွက် ဒဏ်ခံစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘုရားသခင်က အဲဒီအပြစ်ကြွေးကို ကျွန်တော်တို့ အစား၊ ယေရှုကို စေလွှတ်ပြီးဖြေရှင်းစေခဲ့ပါတယ်။

ရောမသြဝါဒစာ ၆း၂၃ မှာ ''အပြစ်တရား၏ အခကားသေခြင်း ပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း'' လို့ ရေးထားပါတယ်။

ဟုတ်ပါ၏။ ခရစ်တော်ဟာ လက်ဝါးကားတိုင်ပေါ်မှာ အသေခံ တော်မူတဲ့အခါမှာ စာဖတ်သူနှင့် ကျွန်တော် ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ပြုခဲ့တဲ့အပြစ်၊ ဆက်ပြီးပြုဦးမယ့်အပြစ်တွေကို ယူဆောင်ပေးပြီးသား၊ အဖိုးအခပေးပြီးသားဖြစ်ပါတယ်။ အလွန်ကြီးမြတ်တဲ့ ကယ်တင်ခြင်း မဟုတ်ပါလား။ ကျွန်တော်တို့ခံစားရမယ့်အပြစ်ကို ယေရှုခရစ်ထံသို့ ပုံအပ်ပြီးအစားထိုးပေးလိုက်ပါတယ်။ ကြီးမားတဲ့လဲလှယ်မှုရယ်ပါ။ အဲဒီလို ပြုပေးတော်မူခြင်းအားဖြင့် စာဖတ်သူနှင့် ကျွန်တော်ဟာ သက်သာရာရပြီး လွတ်လပ်မှုကို ရသွားပါတယ်။

''ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက် ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည့် အကြောင်းတည်း'' လို့ ၂ကော ၅း၂၁ မှာ ဖေါ်ပြထားပါတယ်။

စာဖတ်သူခင်ဗျား၊ ဘုရားသခင်ရဲ့ ခွင့်လွတ်ခြင်းတရားဟာ ခင်ဗျားပြုတဲ့အပြစ်နှင့် အမှားတွေထက်သာ၍ ကြီးမားတဲ့အတွက် ခင်ဗျား ဟာ ဖြောင့်မတ်ခြင်းကို ရရှိနိုင်ခြင်းဖြစ်ပါတယ်။ အဲဒါဟာလည်း လွတ်လပ်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ကောင်းကင်နှင့် ငရဲနှင့်တောင် မဆိုင်သေးတဲ့ လောကီလွတ်မြောက်မှုလည်းဖြစ်ပါတယ်။ အကယ်၍ ကောင်းကင်နှင့် ငရဲလည်း မရှိခဲ့ဘူးဆိုရင် (တကယ်တော့ရှိပါတယ်) တောင်မှ၊ ကြောက်ရွံ့မှုကင်းကင်းနှင့် ဝန်ထုပ်ဝန်ပိုးကြီးမထမ်းရပဲ လောက ခရီးလျှောက်ရတာဟာ စိတ်ပေါ့ပါးပြီး လွတ်လပ်လှပါတယ်။

စိတ်နာကြည်းခြင်းမှ လွတ်မြောက်ခြင်း

စာဖတ်သူရဲ့ဘဝမှာ တခြားလူတွေရဲ့ပြစ်တင်မှု၊ ဆုတောင်းမှု တွေကြောင့် နာကြည်းခံစားရပါတယ်။ ကျွန်တော်တို့အပေါ်သူတို့ပြုတဲ့ အရာကို ကျွန်တော်တို့ဘာမှတားဆီးလို့မရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ လုပ်နိုင်တာကတော့ ဘယ်လိုတုံ့ပြန်မလဲဆိုတာရှိပါတယ်။ စိတ်နာကြည်းမှု ဆိုတာဟာ စိတ်ပိုင်းခံစားမှုကင်ဆာရောဂါလို့ခေါ်လို့ရပါတယ်။ အဲဒီ ရောဂါကို ကုစားနိုင်တာက ယေရှုခရစ်ပါပဲ။ ခရစ်တော်ကို မကုစားခိုင်း သရွေ့၊ လွတ်မြောက်အောင်မလုပ်စေသရွေ့၊ ခင်ဗျားရဲ့ပျော်ရွှင်မှုတွေကို အဲဒီနာကျည်းမှုက ဖျက်ဆီးနေမှာပါပဲ။

တခြားသူများပြစ်တင်ခြင်းမှ လွတ်ကင်းခြင်း

စာဖတ်သူရဲ့ဘဝမှာ (ကိုယ်မလုပ်ချင်ပေမယ့်၊ မပြောချင်ပေ မယ့်) တခြားလူတွေ အပြစ်တင်မှာကြောက်၍ ''ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ခါ'' လောက် လုပ်ဖြစ်၊ ပြောဖြစ်ပါသလဲ။
သမ္မာကျမ်းစာက ''လူကိုကြောက်ရွံ့ခြင်းသဘောသည် ကျော့ကွင်းကိုထောင်ထားတတ်၏'' လို့ ဆိုထားတယ်။ (သုတ္တံ ၂၉း၂၅)
ဟုတ်ပါတယ်။ လူကိုကြောက်ရွံ့နေခြင်းဟာ ကိုယ့်ကိုယ်ကို ထောင်ချောက်ဆင်နေတာပါပဲ။ လူကိုကြောက်တော့ ကိုယ့်ကိုယ်ကို စိတ်ချ ယုံကြည်မှုနည်းလာတယ်။ ကိုယ်ရဲ့လုပ်နိုင်စွမ်းလျော့နည်းလာတယ်။ ပြီးတော့ ဘုရားသခင်ဖြစ်စေချင်တဲ့ဘဝကနေ ဝေးကွာစေသေးတယ်။

ဒီတော့ သူများရဲ့ပြောဆိုမှု၊ ဝေဖန်မှုကို လျစ်လူျရှုပြီး ဘဝကို ရင်ဆိုင်နိုင်ဖို့ရန်အတွက်၊ ဘုရားသခင်ရဲ့ မပြောင်းလဲတဲ့မေတ္တာ၊ အနှိုင်းမဲ့ ချစ်ခြင်းတရားအပေါ်မှာပဲ အခြေခံပြီးလုပ်ဆောင်ရမှာပါ။ ဘုရားရဲ့ချစ်ခြင်း က ခင်ဗျားကို လွတ်လပ်စေတယ်။ ချစ်ခြင်းမေတ္တာက စိတ်ချယုံကြည်မှုကို ဖြစ်ပေါ်စေတယ်။
၁ယော ၄း၁၈ မှာ ''ချစ်ခြင်းမေတ္တာသည် ကြောက်ရွံ့ခြင်း၊ သံဝေဂနှင့် မပေါင်းနိုင်ရာ၊ သံဝေဂသည် ပူပန်ခြင်းဝေဒနာကို ဖြစ်စေ သောကြောင့်၊ စုံလင်သောမေတ္တာသည် သံဝေဂကို ပယ်ရှားတတ်၏။ သံဝေဂရှိသောသူသည် မေတ္တာနှင့်မပြည့်စုံသေး'' လို့ ဆိုထားပါတယ်။

စာဖတ်သူခင်ဗျားရဲ့ဘဝမှာလုပ်တဲ့အရာတွေအပေါ်၊ တချို့ လူတွေဟာ မကျေမနပ်၊ မကြိုက်ဖြစ်နေရင်လည်း ဘာမှပြဿနာမရှိပါ။ သတိပြုရမှာက၊ အလင်းကပိုပြီးလင်းလေလေ၊ ပိုးဖလံတွေပိုပြီး များလာ လေလေဆိုတာ သိရပါမယ်။ စာရေးသူကျွန်တော်ရဲ့ The Purpose Driven Life စာအုပ်ကပေါက်သွားလို့ လူသိများလာတော့၊ လူတွေရဲ့ ဝေဖန်မှုဟာ ကျွန်တော့်အပေါ်ရောက်လာပါတယ်။ ကျွန်တော့်ကို ဦးတည် တိုက်ခိုက်လာကြတယ်။ ပြီးတော့ ကျွန်တော့်ကို မဟုတ်မမှန် စွပ်စွဲ ကြတယ်။ အဲဒီအချိန်မှာ ကင်ဆာရောဂါခံစားနေရတဲ့ ကျွန်တော့်ဇနီး Kay ကိုသာ ကျွန်တော်အာရုံစိုက်နေရတယ်။ ဒါပေမယ့် လူတွေရဲ့တိုက်ခိုက်မှု ကြောင့် ကျွန်တော်စိတ်ပျက်ရပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့်ကို အားဖြစ်စေတဲ့အရာကတော့ တခြားမဟုတ်၊ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာ ကသာ ကျွန်တော့်ကိုအားဖြစ်စေပါတယ်။ ဘုရားသခင်က အဲဒီမေတ္တာကို အမှတ်ရစေလို့ အဲဒါကပဲ ကျွန်တော့်အတွက်အားဖြစ်လာတယ်။ တစ်နေ့ တနင်္ဂနွေရက်တစ်ရက်မှာ ကျွန်တော်ရဲ့အသင်းတော်မှာ ဧည့်သည်ကြီး တစ်ဦးနှင့်အတူ ကျွန်တော်တရားဟောခွင့်ရခဲ့ပါတယ်။ သူကတော့ တခြားသူမဟုတ်ပါ။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကနေရောက်လာသူ စာရေး ဆရာကြီး၊ သင်းအုပ်ဆရာ ဲသ့ည ှအသအအ ပါ။ သူဟာ ဝိဉာဉ်ရေးရာမှာ ဆရာကြီးတစ်ဆူဖြစ်ပြီး ... ကျွန်တော့်အတွက် သူငယ်ချင်းလည်းဖြစ်၊ ဝိဉာဉ်ဖခင်တစ်ပါးလည်းဖြစ်သူပါ။ ကျွန်တော်တို့နှစ်ယောက်အတူ တရား ဟောပြီးတဲ့နောက်၊ နှစ်ယောက်သားစကားပြောခွင့်ရပါတယ်။ အဲဒီမှာ သူက ကျွန်တော့်ကို စကားတစ်ခွန်းကမ်းလှမ်းပါတယ်။ သူ့ရဲ့နာမည်ကြီး စာအုပ်၊ ဂန္ထဝင်နှင့် အရောင်းသွက်ဆုံးစာရင်းဝင်စာအုပ် ြေျငခ ဃ့မငျအငညေငအပ မှာ အမှာစာရေးပေးဖို့ပြောပါတယ်။ သူ ကျွန်တော့်ကို လူရှေ့ သူရှေ့မှာ လက်တွဲလိုက်တာပါ။ သူရဲ့စာအုပ်အမှာစာကိုတောင် ရေးခွင့် ပြုလိုက် တာပါ။ ''သူက သူသိတဲ့ ကမ္ဘာအရပ်ရပ်ကသူများစွာထဲ၊ သူငယ်ချင်း ပေါင်းများစွာထဲက သူသိတဲ့လူ၊ သူလေးစားတဲ့သူများစွာထဲကနေ ကျွန်တော့် ကို ရွေးချယ်လိုက်တာပါလား''။ သူဒီလို ကျွန်တော့်ကို ရွေးချယ်ခြင်းအားဖြင့် ကျွန်တော့်စိတ်မှာ သူရဲ့မေတ္တာကိုမြင်ရပြီး၊ တခြား ကျွန်တော်လေးစားတဲ့ လူတွေလည်းပဲ ကျွန်တော့်ကိုချစ်ကြမှာဘဲဆိုတဲ့အသိကြောင့် လတ်တလော ကျွန်တော်ခံစားရတဲ့ဝေဒနာ၊ လူတွေရဲ့ဝေဖန်ပြစ်တင်မှုကနေ ယုံကြည်ချက် တွေ တဖန်ပြန်မွေးဖွားစေပါတယ်။ ကျွန်တော့်ကိုမသိပဲ ဆန့်ကျင်၊ ပြစ်တင်နေတဲ့လူတွေကို လျစ်လူျရှုနိုင်စေပါတယ်။
ဟုတ်ပါတယ်။ ကျွန်တော်တို့ဘဝမှာ အားငယ်နေတဲ့အခါမှာ လူတွေရဲ့ လက်ခံပေးခြင်းဟာ အားအရမ်းဖြစ်စေပါတယ်။ ဒါပေမယ့် ... ဘုရားသခင်ရဲ့ချစ်ခြင်းနှင့် ရွေးကောက်ခြင်းက ပိုပြီးတောင်အားဖြစ်စေ ပါတယ်။
သမ္မာကျမ်းစာထဲမှာ ''ဤကမ္ဘာမတည်မရှိမှီ ငါတို့ကို ခရစ်တော် ၌ ရွေးကောက်တော်မူသည်နှင့်အညီ၊ ကောင်းကင်ဘုံနှင့်ဆိုင်သောအရာတို့ ၌ ခပ်သိမ်းသောဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနား တော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း'' လို့ ရေးထားပါတယ်။
ဧဖကျ ၁း၄
စာဖတ်သူ ဒီကျမ်းပိုဒ်ကို သဘောပေါက်ပါသလား။ အဓိပ္ပါယ် ကတော့ ရှင်းရှင်းလေးရယ်။ ကမ္ဘာမြေကြီးမဖန်ဆင်းခင်ကတည်းက ဘုရား သခင်က ခင်ဗျားကိုချစ်သတဲ့။ အဲဒီဘုရားရဲ့ချစ်ခြင်းကို ကျမ်းစာထဲမှာ မကြာခဏ ဖေါ်ပြခဲ့ပါတယ်။ ဘုရားသခင်ရဲ့အနှိုင်းမဲ့ချစ်ခြင်း၊ အကန့် အသတ်မဲ့ချစ်ခြင်း၊ ရွေးကောက်တော်မူခြင်းစသဖြင့် အမိုျးမိုျးဖေါ်ပြခဲ့ပါ တယ်။
စာဖတ်သူရော၊ ကျွန်တော်ရော အားလုံးသောလူတွေဟာ တစုံ တဦးရဲ့ ငြင်းပယ်ခြင်းကိုခံစားရဖူးကြတယ်။ နှလုံးသားမှာ ဒဏ်ရာတွေနှင့် ရှိနေကြပါတယ်။ အဲဒီနာကျင်မှုတွေ၊ ခင်ဗျားအမြဲအမှတ်ရနေမှာပါ။ ကျောင်းနေတုန်းက ကိုယ့်ထက်သာတဲ့လူတွေရဲ့ လှောင်ပြောင်ဟားတိုက် ခံဘူးတာ။ ကစားအဖွဲ့တွေမှာ ကိုယ်က မတော်တော့ လူတွေက ကိုယ့်ကို သိပ်မရွေးချင်လို့ နောက်ဆုံးမှခေါ်တာတွေကို ခင်ဗျားပြန်သတိရနေတယ်။ သတိရနေမှာပါ။ မိဘတွေဆီက မမျှော်လင့်တဲ့နာကျင်စရာစကားတွေ၊ ခင်ဗျားဘဝကနေထွက်ခွာသွားတဲ့သူငယ်ချင်း၊ ဘဝကြင်ဖေါ်တွေကို ပြန် အမှတ်ရကောင်းရနေမှာပေါ့။ ဒါမှမဟုတ် ခင်ဗျားဘဝမှာ လူတဦးကျေနပ် အောင်၊ လက်ခံအောင် နှစ်ရှည်လများကြိုးစားပေမယ့် ... အရာမရောက် ဖြစ်နေကောင်းဖြစ်နေပေလိမ့်မယ်။ အဲဒီအခါမှာ ခင်ဗျားနားလည်ရမှာက၊ အဲဒီလူကို အခုကျေနပ်အောင် မလုပ်ဆောင်နိုင်ဘူးဆိုရင် နောင်လည်း ကျေနပ်အောင်လုပ်ဆောင်နိုင်ဖို့ဆိုတာ ခက်ပါလိမ့်မယ်။ ဒါပေမယ့် သတင်းကောင်းတခုရှိပါတယ်။ အဲဒါကဘာလဲဆိုတော့ လူတကာတို့ ကျေနပ်ပျော်ရွှင်အောင်လုပ်ဖို့မလိုဘူးဆိုတဲ့စကား။
တခြားသူတွေလက်ခံအောင်လုပ်ဆောင်အသက်ရှင်ခြင်းနှင့် ကင်းလွတ်နိုင်ဖို့ ဘုရားသခင်ကသူ့အပေါ်ထားတဲ့ချစ်ခြင်း၊ အကန့်အသတ် မဲ့ချစ်ခြင်းကို ပြန်ပြီးအာရုံစိုက်ရပါမယ်။ သမ္မာကျမ်းစာဖေါ်ပြချက် တခိုျ့ လည်းလေ့လာကြရအောင်။
ရောမ ၈း၃၁ မှာ ''သို့ဖြစ်၍ ဤအရာများတို့၌ အဘယ်သို့ ပြောစရာရှိသနည်း။ ဘုရားသားတော်သည် ငါတို့ဘက်၌ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တဘက်၌ နေနိုင်မည်နည်း'' လို့ဆိုထားပါတယ်။ ရောမ ၈း၁၃ မှာတော့ ''ဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကို အဘယ်သူသည် အပြစ်ရှိမည်နည်း။ ဖြောင့်မတ်ရာ၌တည်စေသောသူကား ဘုရားသခင်ပေတည်း။'' လို့ရေးထားတယ်။
ဆာလံ ၂ရး၁၀ မှာတော့ ''ကိုယ်မိဘတို့သည် အကျွနု်ပ်ကို စွန့်သော်လည်း၊ ထာဝရဘုရားသည် အကျွနု်ပ်ကို ချီယူတော်မူမည်'' လို့ ရေးထားပါတယ်။
ဟုတ်ပါတယ်။ လူအတော်များများဟာ သူတို့ပတ်ဝန်းကျင်က လူတွေရဲ့ပြစ်တင်ဝေဖန်မှုတွေအပေါ်မှာ သိပ်ကိုဂရုစိုက်လွန်းအားကြီးကြ တယ်။ နောက်ဆုံးတော့ ပျက်စီးခြင်းကိုသာ ဦးတည်သွားတာပါပဲ။ ဒီတော့ စာဖတ်သူရဲ့ဘဝမှာ၊ ခင်ဗျားရဲ့တကယ့်အဖြစ်မှန်ဘဝကို ဘုရားသခင်ထံ မှာပဲရှိပါစေ။ တခြားသူတွေပြောစကားလောက်နှင့် နားမယောင်မိပါစေနှင့်၊ ပုပ်ရဟန်းမင်းကြီးဘဲနဲဒစ် (၁၆) က သူရဲ့စာအုပ် Jesus of Nazareth စာအုပ်မှာ ဒီလိုရေးထားပါတယ်။
“Man knows himself only when he listen to understand himself in the light of God, and he knows others only when he sees the mystery of God in them”
အဓိပ္ပါယ်က ''လူဟာ ဘုရားသခင်နှင့် ဆက်ဆံရေးတွေမှန်ပြီး၊ ကိုယ့်ကိုယ်ကိုသုံးသပ်နိုင်မှ ကိုယ့်ရဲ့အဖြစ်မှန်ကိုသိနိုင်သလို၊ လူတွေကို ကြည့်တဲ့အခါမှာလည်း အဲဒီလူတွေထဲမှာ ကိန်းအောင်းနေတဲ့ဘုရားရဲ့ သိမ်မွေ့နက်နဲမှုကိုသိနိုင်မှ အဲဒီလူကို နားလည်လိမ့်မယ်'' တဲ့။

ဖျောက်မရတဲ့အကျင့်ဆိုးများမှ လွတ်မြောက်ခြင်း

စာဖတ်သူရဲ့ဘဝမှာ အကျင့်ဆိုးတွေကို ဖျောက်ဖျက်ချင်တယ်။ နှစ်သစ်နှင့်အတူသစ်ချင်တယ်။ သို့သော် အဲသလိုလုပ်ချင်ပေမယ့် နေ့စဉ်လုပ်နေကျအကျင့်တွေကို ဖျောက်မရဘူးလို့ ခံစားနေကောင်းခံစား နေပါလိမ့်မယ်။ ပြောင်းလဲမှုကြိုးစားပေမယ့် လမ်းဟောင်းထဲဘဲ ပြန်ပြန် ရောက်နေတာဖြစ်ရင်ဖြစ်နေပါမယ်။ အဲသလိုကောင်းအောင်ကြိုးစားတဲ့ ကာလတစ်လျှောက် ရှုံးနိမ့်မှုနှင့် နောင်တတွေနှင့်သာကြုံရလို့ မျှော်လင့် ချက်မဲ့နေတယ်လို့ခံစားကောင်းခံစားနေပါလိမ့်မယ်။ အဲဒီအခါမှာ တဖက် သူရဲ့ဘဝမှာ ခင်ဗျားထက် တန်ဖိုးကြီးတဲ့သူတစ်ဦးရဲ့ကူညီမှု လိုအပ်နေပါ တယ်။ ကယ်တင်ရှင်တဦးလိုအပ်နေပါတယ်။ သခင်ယေရှုခရစ်ကတော့ ဒီလိုမိန့်မှာထားပါတယ်။
''သားသည် သင်တို့ကိုလွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန် လွှတ်ကြလိမ့်မည်'' လို့ မိန့်မြွတ်ခဲ့ပါ တယ်။ (ယော ၈း၃၆)။
ဘုရားသခင်က ခင်ဗျားဟာခင်ဗျား၊ ကိုယ့်အားကိုယ်ကိုးပြီး အသက်ရှင်သန်ဖို့လုံးဝမရည်ရွယ်ခဲ့ပါ။ သူရည်ရွယ်တာက ခင်ဗျားက သူ့အပေါ်ယုံကြည်အားကိုးဖို့ပါပဲ။ အဲဒါကြောင့် ခင်ဗျားဘဝမှာ ပြဿနာ တွေဝင်ခွင့်ပြုပြီး၊ ခင်ဗျားအစွမ်းနှင့် မအောင်မြင်နိုင်အောင်ဖြစ်စေခဲ့တယ်။ တကယ်တမ်းကျတော့ အဲဒီပြဿနာကို ခင်ဗျားသတိမပြုမိခင်ကတည်းက ဘယ်လိုဖြေရှင်းရမယ်ဆိုတာတောင် သူ့မှာအဖြေရှိထားပြီးသားပါ။ ခင်ဗျား၊ ကိုယ့်ဟာကိုယ်ကြိုးစားခြင်းကိုရပ်တန့် (Stop trying) ပြီး၊ သူ့အပေါ်မှီခို၊ ကိုးစားယုံကြည်ဖို့ (Start trusting) သူစောင့်မျှော်နေတာပါ။

သေခြင်းကြောက်ရွံ့မှုမှ လွတ်မြောက်ခြင်း

စာဖတ်သူ ခင်ဗျားရဲ့ဘုရားအပေါ်ယုံကြည်မှုကို တိုင်းတာတဲ့ အခါမှာ ခင်ဗျားသိပ်ပျော်နေတဲ့အချိန်၊ မင်္ဂလာဆောင်ချိန်၊ မွေးနေ့ပွဲနှင့် ကျောင်းဆင်းဘွဲ့ယူချိန်တွေမှာ ခင်ဗျားခံစားတဲ့ပီတိတွေနှင့် တိုင်းလို့တော့ မရပေဘူး။ ခင်ဗျားဘဝမှာ ပျော်ရွှင်အောင်မြင်နေချိန်မှာတော့ အရာရာဟာ ချောမွေ့နေတတ်ပါတယ်။ ဒါပေမယ့် ဘဝမှာ မုန်တိုင်းတိုက်ခတ်လာတဲ့ အခါ၊ နှလုံးသားခံစားချက်တွေရိုက်ခိုျးလာတဲ့အခါမှာ၊ ရည်ရွယ်တဲ့အရာ တွေမဖြစ်လာတဲ့အခါ၊ ပေါင်းသင်းဆက်ဆံရေးတွေ ကွဲပြဲလာတဲ့အခါ၊ စီးပွားရေးဝင်ငွေတွေ ပုံမမှန်ဖြစ်လာတဲ့အခါ၊ ခင်ဗျားရဲ့ခန္ဓာကိုယ်ကရောဂါ ခံစားလာတဲ့အခါ၊ သိပ်ချစ်ရတဲ့သူတစ်ဦးက စွန့်ခွာသွားတဲ့အခါ၊ ခင်ဗျား ဘယ်လိုခံစားပြီး၊ ဘယ်အရာက အားပေးနှစ်သိမ့်ပါသလဲ။ ဒီလိုလူတိုင်း ရင်ဆိုင်ကြုံတွေ့ရတဲ့အရာ၊ ရှောင်မရတဲ့အရာတွေ ဘဝမှာကြုံလာတဲ့အခါ လျစ်လူျရှုဖို့ဆိုတာလည်း ရူးရာကျပေလိမ့်မယ်။
စာရေးသူကျွန်တော်က သင်းအုပ်ဆရာတိပါး၊ ဖြစ်လေတော့ အသုဘအိမ်အတော်များများကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ သခင်ယေရှုနှင့် ဆက်ဆံရေး၊ ကောင်းကောင်းရှိတဲ့မိသားစုနှင့် သခင်ယေရှုနှင့် အကျွမ်း မဝင်တဲ့မိသားစုတွေရဲ့အသုဘတုန့်ပြန်မှု၊ ခြားနားမှုကိုတွေ့ခဲ့ပါတယ်။ သူတို့တွေရဲ့ သေခြင်းအပေါ်တုံ့ပြန်မှုမတူတာကိုလည်း ကျွန်တော် သတိပြု မိပါတယ်။ မျှော်လင့်ချက်နှင့် စိတ်ချမှုမရှိတဲ့လူတွေရဲ့ မျက်လုံးထဲကို ကျွန်တော်ကြည့်တဲ့အခါမှာ ထိတ်လန့်ခြင်းနှင့် စိတ်ပျက်ခြင်းတွေ သူတို့ ခံစားနေတာကို သင်္ခိုျင်းကုန်းမှာ ကျွန်တော်ခဏခဏမြင်တွေ့ရပါတယ်။ ဒါပေမယ့် ... ယေရှုကိုသိလိုက်တဲ့အခါမှာ၊ သေခြင်းကိုရင်ဆိုင်တဲ့အခါ ခံစားရတဲ့ ဒီဆင်းရဲတွေကို ပြောင်းလဲပေးလိုက်ပါတယ်။
လက်ဝါးကားတိုင်မှာ အသေခံတော်မူခဲ့တဲ့ ခရစ်တော်ရဲ့ ကယ်တင်ခြင်းကို စာဖတ်သူနားလည်၊ လက်ခံမယ်ဆိုရင် ခင်ဗျားရဲ့ထာဝရ ခရီးဆုံးဟာ စိတ်ချယုံကြည်လို့ရပြီး၊ သေခြင်းကိုလည်းကြောက်ရတော့ မည်မဟုတ်ပေ။ သမ္မာကျမ်းစာထဲမှာ ဒီလိုရေးထားပါတယ်။
''ထိုလူငယ်တို့သည်၊ အသွေးအသားနှင့် ဆက်ဆံ ကြသောကြောင့် ခရစ်တော်သည် အသေခံတော်မူ သောအားဖြင့် သေခြင်းတရားကို အစိုးရသောသူ တည်းဟူသော၊ မာရ်နတ်၏တန်ခိုးကို ချိုးဖဲ့ဖျက်ဆီး ခြင်းငှါ၎င်း၊ သေဘေးကိုကြောက်၍ တသက်လုံး ကျွန်ခံရသောသူတို့ကို ကယ်လွတ်ခြင်းငှါ၎င်း၊ ထို သူငယ်တို့၏နည်းတူ အသွေးအသားကို ဆောင်ယူ တော်မူ၏'' ဟေဗြဲ ၂း၁၄-၁၅


ဆရာတီအီးပေါင် ဘာသာပြန်ဆိုသော ခရစ်စမတ်ရဲ့အနှစ်သာရ စာအုပ်မှ ကူးယူဖေါ်ပြပါသည်။

Wednesday, 4 December 2019

ပဋိညာဥ်သေတ္တာဘယ်မှာလဲ



#ပဋိညာဉ်သေတ္တာဘယ်မှာလဲ?
📖📖📖📖📖📖📖📖📖📖

ပဋိညာဉ်သေတ္တာ(Ark Of Covenant)၊ဟေဘရူးလို:אָרוֹן הָבְּרִית ဖြစ်တယ်။ဣသရေလလူမျိုးစဉ်ဆက်ရဲ့သန့်ရှင်းသောအရာပါ၊ပဋိညာဉ်ဆိုတာဣသရေလလူမျိုးနဲ့ဘုရားသခင်ကြားတည်ထားတဲ့ကတိသစ္စာပြောရပါ့မယ်။ထိုကြောင့်ပဋိညာဉ်သေတ္တာထဲမှာထားရှိတဲ့အရာက ဟေဗြဲဩဝါဒစာ ၉:၄ အရ" မန္နမုန့်ကို ထားသောရွှေအိုး၊ အပွင့်ပွင့်သော အာရုန်၏ လှံတံနဲ့  ပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့ ထည့်ထားကြောင်းသိရပါသည်။

ဒီပို့စ်မှာအဓိကတင်ပြမှာက ပဋိညာဉ်သေတ္တာ ယနေ့ဘယ်မှာရှိပါသလဲဆိုတာပါ။
အဦးဆုံးသိရမှာကဗိမာန်တော်ကြီးပထမတစ်ခါသိမ်းပိုက်ခံရတုန်းက၊ဗာဗုလုန်ကိုသယ်ဆောင်သွားခံရတဲ့ပစ္စည်းထဲမှာပဋိညာဉ်သေတ္တာမပါဘူးဆိုတာပါ(၄ရာ ၂၅:၁၃-၁၈ ၊ ယေရမိအနာဂတ္တိကျမ်း ၅၂:၁၇-၂၃)။နောက်ပြီးပေရသိရှင်ဘုရင် ကုရုမင်း က နေဗုခနေဇာမင်းဗိမာန်တော်ကြီးထဲကလုယူထားတဲ့ရတနာတွေကိုဣသရေလလူမျိုးဆီပြန်အပ်ပေးပြီးဗိမာန်တော်အသစ်တည်ဆောက်တဲ့နေရာထားဖို့ပေးတဲ့အခါမှာလဲ ပဋိညာဉ်သေတ္တာ မပါရှိပါဘူး(ဧဇရမှတ်စာ ၁:၇-၁၁)၊တနည်းအားဖြင့်ပြောရရင်ဣသရေလလူတွေဒုတိယတခါတည်ဆောက်ခဲ့တဲ့ဗိမာန်တော်ကြီးထဲမှာလဲပဋိညာဉ်သေတ္တာမရှိဘူးဆိုတာပါ။

ဣသရေလလူမျိုးရဲ့ဗိမာန်တော်ပထမတခါဖျက်ဆီးခံရတဲ့အချိန်ကစပဋိညာဉ်သေတ္တာဟာအစအနရှာမတွေ့ဘဲပျောက်နေပါပြီ၊နောက်ပိုင်းပဋိညာဉ်သေတ္တာတော်ရှိရာနေရာကိုအမျိုးမျိုးပြောလာကြပါတယ်၊တချို့ကတော့ဗျာဒိတ်၁၁:၁၉အရဘုရားသခင်ယူဆောင်သွားပြီလို့ပြောပါတယ်၊ဒါပေမဲ့ဗျာဒိတ်ကျမ်းဟာနောင်ဖြစ်လာမဲ့အရာနဲ့ပုံဆောင်ခြင်းသာဖြစ်ကြောင်းကိုတော့သိထားရပါ့မယ်။တချို့ကျတော့ဘုရားသခင်ကလူတွေမမြင်အောင်တစ်နေရာမှာသိမ်းလိုက်ပြီဆိုပြီးပြောကြပါတယ်။ဒီအပြောအများကြီးထဲမှာမှယနေ့ခရစ်ယာန်လောကမှာရေပန်းစားနေတဲ့အပြော၄မျိုးကိုတင်ပြချင်ပါတယ်။

၁။အီသီယိုးပီးယား(Ethiopia)မှာရှိခြင်းအဆို
ဒီအဆိုကဒီလိုဆင်းသက်လာပါတယ်၊(၃ရာ ၁၀:၄-၅)အရရှေဘမိဖုရားဟာရှောလမုန်၏ ပညာအလုံးစုံကိုစမ်းပြီးနောက်ရှောလမုန်မင်းနဲ့သားလေးတဦးရပြီးရှေဘမိဖုရားဟာသူ့သားနဲ့တကွပဋိညာဉ်သေတ္တာကိုလည်းအီသီယိုးပီးယားကိုယူပြန်သွားတယ်လို့ပြောကြပါတယ်။ပဋိညာဉ်သေတ္တာအတုတခုလုပ်ပြီးထားခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်ယနေ့ထိပဋိညာဉ်သေတ္တာဟာအီသီယိုးပီးယားရဲ့ စိန်မေရီဘုရားကျောင်းမှာရှိတယ်လို့ဆိုကြပါတယ်။ဒီအဆိုကအများလက်ခံဖို့ခက်ခဲပါတယ်၊ဘာကြောင့်လဲဆိုတော့သမ္မာကျမ်းစာဖတ်ကြည့်ရင်ပဋိညာဉ်သေတ္တာဆိုတာယဇ်ပရောဟိတ်ကြီးတောင်တစ်နှစ်မှတခါအပြစ်ဖြေရာနေ့မှာတွေ့ခွင့်ရတာမျိုးပါ။နောက်ပြီးပဋိညာဉ်သေတ္တာဆိုတာယဇ်ပရောဟိတ်မှကိုင်ခွင့်ရတာပါ၊အခြားလူကိုင်မိရင်သေတတ်တဲ့အထိပါ(၂ရာ၆:၃-၇)။ဒါကြောင့်ပဋိညာဉ်သေတ္တာဟာအီသီယိုးပီးယား(Ethiopia)မှာရှိခြင်းအဆိုကိုစာရေးသူအနေနဲ့လက်ခံဖို့ခက်ခဲပါတယ်။

၂။ဗိမာန်တော်မြေအောက်ခန်းမှာရှိခြင်းအဆို
ဘာသာရေးအလွန်ကိုင်းရှိုင်းကြတဲ့ဂျူးလူမျိုးတွေကပဋိညာဉ်သေတ္တာဟာဗိမာန်တော်မြေအောက်ခန်းမှာရှိနေတယ်လို့ယုံကြည်နေကြစဲပါ။သူတို့ရဲ့ခံယူချက်က (ရာဇဝင်ချုပ် ဒုတိယစောင်၃၅:၃)အရယုဒပြည်ဟာဗာဗုလုန်လက်ထဲမကျဆုံးခင်မှာယောရှိမင်းဟာယဇ်ပရောဟိတ်တွေကိဒီလိုအမိန့်တခုပေးခဲ့ပါသတဲ့" ပဋိညာဉ်သေတ္တာကိုရှောလမုန်တည်ဆောက်ထားတဲ့မြေအောက်ခန်းထဲသိုထားပါ" ပေါ့။(Put the holy ark in the house which Solomon the son of David king of Israel did build)။ 

၃။ဂေါလဂေါသတောင်မြေအောက်မှာရှိခြင်းအဆို
၁၉၈၈ခုနှစ်ကကျမ်းစာသုတေသနပညာရှင် Ron Wyatt ဟာ သူကိုယ်တိုင်၁၉၈၂တုန်းကဂျေရုစလင်မြို့ ပြင်ကသခင်ယေရှုကိုလက်ဝါးကားတိုင်တင်သတ်ခဲ့တဲ့ ဂေါလဂေါသတောင်တွေ့ပြီးတူးဖော်တဲ့အခါ၊ကားတိုင်မြေအောက်အနက် 20ft လောက်မှာပဋိညာဉ်သေတ္တာကိုတွေ့ရှိခဲ့ကြောင်းပြောပါတယ်။သူ့အနေနဲ့ပြောတာကပထမအကြိမ်ဗိမာန်တော်မဖျက်ဆီးခင်မှာဘုရားသခင်ကပရောဖက်ယေရမိကိုအဲဒီတောင်အောက်မှာသိမ်းခဲ့ဖို့ပြောခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ Ron Wyatt ရဲ့အဆိုဟာယနေ့ထိခိုင်လုံသောသက်သေအထောက်ထားမချပြနိုင်သေးတာတော့စိတ်မကောင်းပါဘူးလို့အချို့ပညာရှင်တွေသုံးသပ်ထားကြပါတယ်။

၄။ပျက်ဆီးသွားခြင်းအဆို
ဒီအဆိုကတော့ဗာဗုလုန်ကဂျေရုစလင်ကိုသိမ်းပိုက်တဲ့အခါပဋိညာဉ်သေတ္တာလဲပျက်ဆီးသွားခဲ့တယ်လို့ပြောခြင်းဖြစ်ပါတယ်။ဒါပေမဲ့ A.D 1 ခုနှစ်ကာလက ဂျူးသမိုင်းပညာရှင်Josephus ကတော့ ရောမလူမျိုးတွေဗိမာန်တော်ကိုဖျက်ဆီးတုန်းကပဋိညာဉ်သေတ္တာပါတခါတည်းပျက်ဆီးသွားတယ်လို့အဆိုပြုထားခဲ့ပြန်ပါတယ်။

#ယနေ့ပဋိညာဉ်သေတ္တာဘယ်မှာရှိပါသလဲ?
နိဂုံးချုပ်အနေနဲ့ပြောရရင်နေရာအတိကျယနေ့ထိမသိရှိရသေးပါဘူး။ပဋိညာဉ်သေတ္တာဆိုတာဘုရားသခင်အတူပါရှိကြောင်းကိုပုံဆောင်တဲ့အတွက်၊ယနေ့ယုံကြည်သူခရစ်ယာန်များအနေနှင့်ပဋိညာဉ်သေတ္တာတည်နေရာကိုစိတ်ဝင်စားတာထက်ဧမာနွေလ(ငါတို့နှင့်အတူရှိသောဘုရား)ကိုပိုစိတ်ဝင်စားသင့်ကြောင်းတိုက်တွန်းခွန်အားပေးတင်ပြလိုက်ရပါသည်။ဖတ်ရှုသူအားလုံးဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။

Ye Ming(ပတ္တမြားမြေ)
www.facebook.com/yeming0

ကိုးကား

https://en.wikipedia.org/wiki/Ark_of_the_Covenant

Tuesday, 3 December 2019

ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းကာလ

🌐🌐🌐🌐🌐🌐🌐
Unicode (ယူနီကုဒ်)

🇦🇷🇦🇷🇦🇷🇦🇷🇦🇷🇦🇷🇦🇷
📕ဓမ္မဟောင်းနှင့်ဓမ္မသစ်ကြားကာလ📕

🕎ယုဒ ရာဇဝင် နှင့် သခင်ယေရှုမွေးဖွားခြင်း🕎

   ဘုရားသခင်သည် ပရောဖက်မာလခိဖြင့်နောက်ဆုံးစကားပြောပြီးနောက်၊ နှစ်ပေါင်း ၄၀၀ ခန့်အဆက်အသွယ်ပြတ်တောက်ငြိမ်သက်ခဲ့သည်။ ထိုသို့တိတ်ဆိတ်ငြိမ်သက်ခြင်းမှာစိတ်ဝင်စားဖွယ်ရာအတိဖြစ်သည်။  ပရောဖက်မာလခိကျမ်းသည် ဘီစီ ၃၉၇ တွင်စီရင်ပြီးဆုံးခဲ့သည်ဟုဆိုလျှင် ကောင်းကင်တမန်များ ဗတ္တိဇံယောဟန်‌မွေးဖွားမည့်အကြောင်း ဟောပြောသည့်ကြားကာလမည်သို့ရှိမည်နည်း (လု ၁း၁၁-၁၇)။ ဘုရားသခင်သည် သူ၏မဟာကယ်တင်ခြင်းစီမံကိန်းကို တပါးအမျိုးသားများဖြင့် စာပေ၊ လမ်းပန်းဆက်သွယ်ရေးစသည့်နေရာများ၌ အသုံးပြုခဲ့ခြင်းဖြစ်သည်။

   ထိုကြားခေတ်ကာလကို ၆ ပိုင်းခွဲခြားပြီးလေ့လာနိုင်သည်။
၁။ ပါရှန်ခေတ်၊ ဘီစီ ၅၃၆ နောက်ပိုင်း (အဓိကလိုအပ်ချက်မှာ ဘီစီ ၃၉၇ မှ ၃၃၆ ထိ)

၂။ ဂရိခေတ် (ဘီစီ ၃၃၆-၃၂၃)

၃။ အဲဂုတ္တုခေတ် (ဘီစီ ၃၂၃-၁၉၈)

၄။ ဆီးရီးယားခေတ် (ဘီစီ၁၉၈-၁၆၅)

၅။ မက္ကာဘီခေတ် (ဘီစီ ၁၆၅-၆၃)

၆။ ရောမခေတ် (ဘီစီ ၆၃-၄)
   ဤခေတ်ကာလ ၆ ပိုင်းကို သမိုင်းရှုထောင့်နှင့် ဘာသာရေးရှုထောင့် နှစ်ခုဖြင့် လေ့လာဆင်ခြင်နိုင်သည်။

🔴 ပါရှန်ခေတ် (ဘီစီ ၃၉၇-၃၃၆)
သမိုင်းကြောင်း
   ဘီစီ၅၃၆အလွန်နှစ်များတွင် ပါရှန်များသည် အရှေ့အလယ်ပိုင်းဒေသ၌ ထီးထီးမားမားဘုန်းတန်ခိုးကြီးထွားခဲ့ကြသည်။ ဣသရေလလူမျိုးအား ဗာဗုလုန်ကျွန်ဘဝမှလွှတ်မြောက်စေဖို့ ဘုရားသခင်သည် ပါရှန်များကို အသုံးပြုခဲ့သည် (ဒံ ၅း၃၀-၃၁)။
   ဗာဗုလုန်သို့ဖမ်းဆီးခံခဲ့ရခြင်းသည် သူ့လူများ ရုပ်တု၊ဆင်းတုကို ကိုးကွယ်ခြင်းကြောင့်ဘုရားသခင်က ဆုံးမခြင်းဖြစ်သည်။ ဘဝသစ်၊ ခံယူချက်အသစ်၊ အထူးသဖြင့် မောရှေ၏ပညတ်တရားသစ်ဖြင့် ပြည်တော်သို့ပြန်ဝင်စေသည်။ ဘာသာရေးအယူအဆအမျိုးမျိုးထဲမှ သေချာသောဘာသာတရားကိုတွေ့မိကြသည်။ ထိုနှစ်ချက်က ကြား ကာလတစ်ခုလုံးကို ဩဇာလွှမ်းမိုးသွားသည်။
   တရားဇရပ်ကို ဒေသန္တရအချက်အချာနေရာအဖြစ် ဗဟိုပြု၍ဝတ်ပြုကိုးကွယ်စေသည့်အစဉ်အလာသည် ထိုခေတ်ကာလတွင်ပေါ်ထွန်းလာသည်။ ကျမ်းတတ်ပုဂ္ဂိုလ်များသည် နှုတ်ကပတ်တော်ကိုဖွင့်ပြသူများဖြစ်သောကြောင့် တရားဇရပ်တွင် အထူးအရေးပါအရာရောက်သူများအဖြစ်နေရာရလာကြသည်။ သခင်ယေရှုမွေးဖွားပြီးနောက်ပိုင်းတိုင်အောင် တရားဇရပ်သည် ယုဒလူမျိုးများ၏ ဗဟိုအစည်းအရုံးနေရာ၊ ယုဒကမ္ဘာဖြစ်လာသည်။
   ဓမ္မသစ်တရားထွန်းကားပျံ့နှံ့သောအခါမှသာ ပါရှန်တို့၏အရှိန်အဝါမှေးမှိန်တိမ်ကောပျောက်ကွယ်သွားသည်။ ဗိမာန်တော် Temple သည် ယုဒဘာသာတရားနှင့်အပြိုင် ရှမာရိလူမျိုးများအကြား၌ပေါ်ထွန်းခဲ့သည့် ဘာသာရေးပုံသဏ္ဍာန်ဖြစ်သည်။ ယုဒနှင့်ရှမာရိတို့အကြား ကွဲပြားခြားနားသော ဘာသာရေး အသွင် သဏ္ဍာန်များဖြစ်သည်။

🔴 ဂရိခေတ် (ဘီစီ ၃၃၆-၃၂၃)
   ဤတိုတောင်းသောကာလသည် ဂရိဘုရင်မဟာအလက်ဇန္ဒြားက လောကတစ်ပြင်လုံးစစ်ပွဲအောင်နိုင်၍ အကြီးကျယ်ဆုံးလူသားအဖြစ် နေမင်းပမာစိုးမိုးမင်းပြုချိန်ဖြစ်သည်။
   ပါရှား၊ ဗာဗုလုန်၊ ပါလက်စတိုင်း၊ ဆီးရီးယား၊ အဲဂုတ္တု(အီဂျစ်) နှင့် အိန္ဒိယအနောက်ပိုင်းဒေသများကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အသက် ၃၃ နှစ်အရွယ်၌ကွယ်လွန်သော်လည်း ဂရိပြည်အား ၁၃ နှစ်တိုင်တိုင် အုပ်စိုးခဲ့သည်။ သူ့နောက်တွင်လည်း အရှိန်ဩဇာကျန်ရှိနေသည်။
   မဟာအလက်ဇန္ဒြားမင်းကြီး၏ မဟာရည်မှန်းချက်မှာ သူ့လက်ထက်တွင် ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ယုံကြည်ရာဘာသာ၊ စာပေစကားနှင့် ယဉ်ကျေးမှုတစ်ခုတည်းဖြစ်စေရေးဖြစ်သည်။ အောက်ခံသို့ကျရောက်သည့်တိုင်းနိုင်ငံတိုင်းဂရိဘာသာစကားကို သင်ယူပြောဆိုရသည်။ သို့နှင့် ဂရိယဉ်ကျေးမှု၊ ဂရိဘာသာရေး၊ အတွေးအခေါ်အယူအဆများ ကမ္ဘာအနှံ့သို့ ပျံ့နှံ့လာသည်။ထို တွေးအခေါ်အတတ်ပညာနှင့်မိမိတို့ရှိရင်းစွဲယဉ်ကျေးမှုများကိုပေါင်းဖက်ရောစပ်သုံးစွဲသူများကို Hellenization ဟုခေါ်ဝေါ်ကြသည်။ ရောမအစိုးရလက်ထက်၊ ဓမ္မသစ်ကျမ်းကာလရောက်လာသောအခါ လူသိထင်ရှားကျော်ကြားလာသည်။
 ထိုသို့အတွေးအခေါ်အယူအဆတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ယုဒ၌ Hellenism တို့၏ဘာသာရေးနှင့်ယဉ်ကျေးမှုထိုးဖောက်ဝင်ရောက်လာသည်။ ဂရိဘာသာစကားသည် ဘီစီ ၂၇၀ ကျမှသာကျယ်ကျယ်ပြန့်ပြန့်ထွန်းကားလာသော်လည်း ရုပ်တုဆင်းတုကိုးကွယ်ခြင်းကို တွန်းလှန်ခုခံရန် ဓမ္မဟောင်း the Septuagint ကို ယုဒယုံကြည်သူများက ဘာသာပြန်ဆိုနှင့် ပြီးဖြစ်သည်။

🔴 အဲဂုတ္တုခေတ် (ဘီစီ ၃၂၃- ၁၉၈)
သမိုင်းကြောင်း
   ဘီစီ ၃၂၃ ခုနှစ်တွင် မဟာအလက်ဇန္ဒြားဘုရင်ကွယ်လွန်သွားသောအခါ ဂရိအင်ပါယာကြီးအား Ptolemy , Lysimachus ,Cassandre နှင့် Selenus ဟူသောစစ်ဗိုလ်ချုပ်ကြီး ၄ ဦးကလေးပိုင်းခွဲခြား၍ မျှဝေယူကြသည်။ ပရောဖက်ဒံယေလက (ဒံ ၈း၂၁-၂၂) တွင်ဖော်ပြသော " ဦးချိုကြီး " ကျိုးပဲ့သောနေရာ၌ ချိုငယ်လေးချောင်းပေါက်လာခြင်းဟူသည့် ကျမ်းစကား၏ပြည့်စုံခြင်းဖြစ်သည်။
   Ptolemy Soter သည် ပထမဆုံးPtolemy မင်းဆက်ဖြစ်၍ နောင်အခါတွင် ဣသရေလနှင့်ပေါင်းဖက်သည့် အဲဂုတ္တုပြည့်ရှင်မင်းဖြစ်သည်။ ပထမအစပိုင်းတွင်ယုဒလူမျိုးများကိုကြပ်တည်းစွာအုပ်ချုပ်သော်လည်းတန်ခိုးဩဇာနေဝင်ခါနီး Ptolemy Philadelphus မင်းလက်ထက်သို့ရောက်သောအခါတွင်မူ ယုဒတို့ကို မျက်နှာသာပေးလာသည်။ ထိုခေတ်ကာလတွင် the Septuagint ကို ရေးသားဖြစ်ကြသည်။
   Ptolemaic မင်းဆက်ကုန်ဆုံးခါနီး အဲဂုတ္တုနှင့် ဆီးရီးယားတို့ပဋိပက္ခဖြစ်သည့်အချိန်ထိ ယုဒများသည် နေသာထိုင်သာအဆင်ပြေခဲ့ကြသည်။ ဘီစီ ၁၉၈ခုနှစ်တွင် Panion စစ်ပွဲ၌ ဆီးရီးယားတို့က အဲဂုတ္တုပြည်အားတိုက်ခိုက်သိမ်းပိုက်သည့်အခါ ဣသရေလတို့သည်လည်း ကန့်လန့်ကန်လန့်ဖြင့် ပါသွားကြရသည်။ ယုဒပြည်တစ်ပြည်လုံး ဆီးရီးယားလက်အောက်ခံ ဖြစ်သွားသည်။

🔴 ဆီးရီးယားခေတ် (ဘီစီ ၁၉၈ -၁၆၅)
သမိုင်းကြောင်း
   The Great Antiochus မင်းနှင့် Scleucus Philopater မင်းလက်ထက်တွင် ယုဒများကြပ်တည်းစွာ အုပ်စိုးခြင်းခံရသော်လည်း ယဇ်ပုရောဟိတ်များ၏ဒေသန္တရအုပ်ချုပ်မှုအောက်တွင် အသက်ရှုခွင့်ရကြသည်။ Orthodox Jew တို့နှစ်သက်မြှောက်စားသောယဇ်ပုရောဟိတ်ကြီး Onias III နေရာ၌ Hellenizing အဖွဲ့က Jason ကိုအစားထိုးခန့်ကြသည်။ ထိုနိုင်ငံရေးအရှုပ်အထွေးသည်နောက်ဆုံးတွင် ‌ယေရုရှလင်ရှိ Antiochus ထံသို့ရောက်လာသည်။
   ဘီစီ ၁၆၈ ခုနှစ်တွင် Antiochus သည်ယုဒမျာ၏ ထူးထူးခြားခြားယုံကြည်ခြင်းများကို အကုန်လုံးဖျက်ဆီးပစ်သည်။ ပူဇော်သက္ကာပြုခြင်း၊ အရေဖျားလှီးခြင်း၊ ဥပုသ်နေ့တွင်ပွဲတော်ကျင်းပခြင်းများကို တားမြစ်သည်။ ကျမ်းစာလာအချက်များအား မှောက်လှန်ဖျက်ဆီးပစ်သည်။ ယုဒများအား အတင်းအကြပ် ဝက်သားစားစေသည်။ ရုပ်တုများကိုကိုးကွယ်ခိုင်းသည်။ အဆိုးရွားဆုံးနှင့် နောက်ဆုံးသောင်းကျန်းမှုမှာ အသန့်ရှင်းဆုံးဌာနတော်ရှိယဇ်ပလ္လင်အား လုံးဝဥဿုံဖျက်သိမ်း၍ Zeus နတ်ဘုရားကိုပူဇော်ရန် ယဇ်ပလ္လင်တည်ခြင်းဖြစ်သည်။ ထိုညှင်းပန်းနှိပ်စက်မှုတွင် ယုဒလူပေါင်းများစွာ သေကြေပျက်စီးကြရသည်။ ထို့ကြောင့် ရှေ့ဖြစ်ဟန်ထက်ပိုမိုဆိုးရွားသည်ဟုဆိုသည့်အတိုင်း ဘုရားသခင်၏လူ ယုဒလူမျိုးများခံစားခဲ့ရသည်။ သို့သော်ရောက်လာမည့် စစ်မှန်သောကယ်တင်ရှင်အတွက် လမ်းစလှေကားထစ်ဖြစ်သည်။
   ဤခေတ်ကာလတွင် အရှိန်အဟုန်ဖြင့်နိုင်ငံရေးပြောင်းလဲမှုကြောင့် ယုဒဘာသာရေးလည်း ထက်ခြမ်းကွဲခဲ့သည်။ Hellenism ဟူ၍ခွဲထွက်လာသည်။ ကျမ်းတတ်ပုဂ္ဂိုလ်များဦးဆောင်သော Orthodox ဝါဒီများဖြစ်၍ နောင်တွင် ဖာရိရှဲများဟုထင်ရှားလာသော အဖွဲ့နှင့် ယဇ်ပုရောဟိတ်ကြီးများဦးဆောင်သော ယုဒများဟူ၍ ကွဲပြားလာကြသည်။ ထိုအတွေးအခေါ်အပေါ်အခြေတည်၍ နောင်ကာလတွင် ဇဒ္ဒုကဲ များဖြစ်လာသည်။

🔴 မက္ကာဘီခေတ် (ဘီစီ ၁၆၅-၆၃)
သမိုင်းကြောင်း
   Matthias အမည်ရှိသော ယဇ်ပုရောဟိတ်ကြီးသည် ယေရုရှလင်အနောက်မြောက်ရှိ Modern ရွာ၌သား ၅ ယောက်နှင့်အတူ Jasmin အိမ်တော်တွင်နေထိုင်သည်။ ဆီးရီးယား အရာရှိမင်းများက ယဇ်ပူဇော်ခြင်းကိုအတင်းအဓမ္မတားမြစ်လာသည့်အခါ ပုရောဟိတ်ကြီး Matthias သည်ဖောက်ပြန်သော ယုဒအလိုတော်ရိများနှင့် ဆီးရီးယားအရာရှိမင်းများကို ပုန်ကန်သတ်ဖြတ်ပြီး မိသားစုနှင့်အတူ တောင်ပေါ်ဒေသသို့ထွက်ပြေးတိမ်းရှောင်သည်။ သစ္စာရှိသောယုဒထောင်ပေါင်းများစွာက ရောဟိတ်နောက်သို့လိုက်ပါသွားရောက်ပူးပေါင်းကြသည်။
   Matthias ကွယ်လွန်သောအခါ သား ၃ ဦးကဆက်လက်ဦးဆောင်ပုန်ကန်၍ နောက်ဆုံး၌အောင်မြင်ခဲ့ကြသည်။ Judas Maccabeus (ဘီစီ ၁၆၆-၁၆၀)၊ ယောနသန် (ဘီစီ ၁၆၀-၁၄၂) ၊ ရှိမုန် (ဘီစီ ၁၄၃-၁၃၄) တို့စိုးစံကြသည်။ ထိုသုံးယောက်သည် ဘီစီ ၁၆၅ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ယေရုရှလင်ဗိမာန်တော်ကိုသိမ်းပိုက်၍သန့်ရှင်းစင်ကြယ်စေပြီး ပြန်လည်ဝတ်ပြုကိုးကွယ်ကြသည်။ ထိုအကြောင်းကိုအစွဲပြု၍ ယနေ့ထက်တိုင်အောင် Hanukkah ပွဲတော်ကျင်းပလေ့ရှိသည်။
   ယုဒပြည်အနံ့အပြားတွင်တိုက်ပွဲဆက်လက်ဖြစ်ပွားသည်။ ဆီးရီးယားတို့က Maccabean တို့ကိုအနိုင်ရဖို့လုံးပမ်းကြသည်။ နောက်ဆုံးတွင် ရှိမုန်၏ဦးဆောင်မှုဖြင့် ယုဒများသည် ဘီစီ ၁၄၂တွင် လွှတ်လပ်ရေးအတိအလင်းရရှိသွားကြသည်။ နှစ်ပေါင်း ၇၀ မျှ Hasmonaean မင်းဆက်ဖြစ်သော John Hyrcanus (ဘီစီ ၁၃၄-၁၀၄) နှင့် Alexander Jannaeus (ဘီစီ ၁၀၂-၇၆) လက်ထက်အထိ လွတ်လပ်သောနိုင်ငံအဖြစ် တည်ရှိခဲ့ကြသည်။

🔴 ရောမခေတ် (ဘီစီ ၆၃- ၄)
   ဘီစီ ၆၅ ခုနှစ်တွင် ရောမကဆီးရီးယားကိုသိမ်းပိုက်သောအခါ ယုဒတို့လွတ်လပ်ရေးလည်းဆုံးရှုံးသွားသည်။ Aristobulus II သည် ဣသရေလဘုရင်အဖြစ်ကျေငြာ၍၊ ရောမစစ်သူကြီး Pompey ၏တပ်ကို ယေရုရှလင်မြို့ထဲသို့အဝင်မခံဘဲ ပိတ်ဆို့ခုခံသည်။ Pompey အကြီးအကျယ်ဒေါသူပုန်ထ၍ ယေရုရှလင်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ကာ ယုဒတို့၏ယခင်အခွင့်အရေးအားလုံးကို ရုပ်သိမ်းချုပ်ကိုင်လိုက်သည်။ 
   ဘီစီ ၄၇ ခုနှစ်၌ ဂျူးလီးယပ်ဆီဇာ (ကဲသာ) က ဧဒုံနယ်စော်ဘွား Antipater အားယုဒပြည်၏ဘုရင်ခံခန့်အပ်သည်။ ဘီစီ ၄၀ ခန့်တွင် Antipater ၏သား Herod ဟေရုဒ်က ဖခင်အရိုက်အရာကို ဆက်ခံသည်။
   Herod the Great အမည်ရှိသော ထိုဟေရုဒ်မင်းလက်ထက်၌ယေရုရှလင်ဗိမာန်တော်သစ် ဆောက်ရန်ပြည်သူများအားအခွန်အတုပ်တိုးမြှင့်စည်းကြပ်ခဲ့သည်။ သူသည် Hellenist ဝါဒီဖြစ်သဖြင့် Hasmonaean မျိုးဆက်ကိုမုန်းတီးသူဖြစ်သည့်အတိုင်း ထိုမျိုးဆက်ကို တမျိုးလုံးအမြစ်မကျန်သုတ်သင်ဖို့လုပ်ဆောင်သည်။ ဇနီးမယား Marianne မှာ John Hyrcanus ၏မြေးတော်စပ်သဖြင့် ကွက်မျက်ပစ်သည်။ Marianne နှင့်ရသော သားနှစ်ယောက် Aristobulus နှင့် Alexander ကိုလည်း အလွတ်မပေးလုပ်ကြံသတ်ဖြတ်ရန်စီစဉ်သည်။
   ထိုမင်းဆိုးမင်းညစ်သောင်းကျန်းနေချိန်တွင် ဗက်လင်မြို့၌ သခင်ယေရှု ဖွားမြင်ချိန်ဖြစ်သည်။ 

🔴နိဂုံး🔴

   ရှင်မဿဲခရစ်ဝင်ကျမ်းသည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်း၏ ပေါင်းကူးတံတားကြီးဖြစ်သည်။ သမိုင်း လေ့လာလိုသူများအတွက်📕 ယုံကြည်သူ သမ္မာကျမ်းအနက်ဖွင့်📕 မှ အကျဉ်းမျှ ပြန်လည်၍ ဝေမျှခြင်းဖြစ်ပါသည်။

new Ardam apple (နောင်ချို)


Monday, 11 November 2019

ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်
အစမ်းဖတ်ရန်











                             👉👉စာအုပ်ဖတ်ရန်👈👈

                             👉👉 Download👈👈

https://www.mediafire.com/download/ym70tygd4m7uxsy


Linkကို copy ကူးပါ။ပြီးလျှင် Chrome/Browser မှာ paste



ချပြီးဒါင်းပါ။