Friday, 27 March 2020

အသက်တာလမ်းညွှန် (ဆရာမောင်မောင်ချစ်)






အသက်တာလမ်းညွှန်


လူ့ဘဝ၊ တခဏတာ၊ ဤလောကကြီးထဲမှာ အသက်ရှင်နေထိုင်ရတဲ့ အခါ၊ ဖြစ်ချင်တာမဖြစ်၊ မကြုံချင် တာတွေကြုံရပြီး၊ စိတ်ရှုပ်ထွေးစရာတွေနဲ့ ပြဿနာများကို ကျော်လွှားနိုင်ဖို့ရန်၊ တနည်းအားဖြင့် စာတန် မာရ်နတ်၏ လိမ္မာပါးနပ်စွာ လှည့်စားနေတဲ့ ပရိယာယ်၊ မာယာတွေ၊ လောကရဲ့ တပ်မက်စရာစွဲ

ဆောင်မှုတွေကို အောင်မြင်အနိုင်ယူနိုင်ဖို့ ရန်၊ နှုတ်ကပတ်တော် သမ္မာကျမ်းစာအတိုင်း၊ ယုံကြည် နာခံလိုက်လျှောက်အသက်ရှင် တတ်ဖို့လိုပါတယ်။ အဘယ်ကြောင့် ဆိုသော စာတန်မာရ်နတ်၏ ပရိယာယ်များကို အောင်နိုင်သော နိယာမတွေက သမ္မာကျမ်းစာထဲမှာသာရှိလို့ ဖြစ်ပါတယ်။ စာတန် မာရ်နတ်ကို အောင်နိုင်သော တပါးတည်း သော ဘုရားသခင်၊ ကယ်တင်ပိုင်ရှင် သခင်ယေရှု ခရစ်တော်ဘုရား၏ နှုတ်ထွက်စကား၊ ဂတိတော် ဖြစ်သော သမ္မာကျမ်းစာကို နားလည်၊ ယုံကြည် ခံယူလိုက်လျှောက်မှသာ၊ ထိုသခင်ဘုရားနှင့်အတူ ဤပရိယာယ်များသော လောကကြီးနဲ့ စာတန် မာရ်နတ်ကို အနိုင်ယူနိုင်မှာဖြစ်ပါတယ်။ ထိုကြောင့် ကျွန်တော်တို့ဘဝအသက်တာအတွက်၊ ဝမ်းမြောက် ခြင်း၊ ငြိမ်သက်ခြင်း၊ လွတ်မြောက်ခြင်း၊ ကယ်တင်ခြင်း ကို ပေးပိုင်သော သမ္မာကျမ်းစာကို တန်ဖိုး ထားနိုင်ဖို့ ရန် ဤစာစောင်ကို အသက်တာလမ်းညွှန်အနေဖြင့်ရေးသားရခြင်းဖြစ်ပါတယ်။  ဤစာစောင် လေးအား ဖြင့် သမ္မာတရားနဲ့အညီ၊ သခင်ယေရှုနှင့်အတူ၊ စာတန်မာရ်နတ်ကို အောင်နိုင်သောသူများဖြစ်နိုင် ကြဖို့၊ သခင်ယေရှုနာမ၌ ဆုတောင်းပါတယ်။
                                                        သမ္မာကျမ်းစာကို အခြားသော စာပေ ထက်ပို၍ အချိန်ပေးပြီးဖတ်ပါ။                                                    ဖတ်ရုံသာမကယုံကြည်၊ နာခံ၊ လိုက်လျှောက်တတ်လာမယ်ဆိုရင်၊ သမ္မာကျမ်းစာ၏တန်ခိုး၊ တန်ဖိုးကို ထူးခြားစွာ ခံစားရရှိ လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆာလံဆရာက - ဆာလံကျမ်း ၁၁၉ ၁-၂ - ထာဝရဘုရား၏ တရားလမ်း၌ မလွှဲမတိမ်းလိုက်သွားသောသူတို့သည် မင်္ဂလာ ရှိကြ၏။ ၂- သက်သေခံတော်မူချက်တို့ကို စောင့်၍၊ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာသော သူတို့သည် မင်္ဂလာရှိကြ၏။ ... လို့ ဖော်ပြထားတာ က နှလုံးသားထဲမှာ သခင်ယေရှုဆိုတဲ့ သမ္မာတရားက နေရာ ယူပြီး၊ ထို သမ္မာတရားနဲ့ အညီ ၊ လိုက်နာအသက်ရှင်တတ်မယ်ဆိုရင်၊ အသက်တာမှာ
မင်္ဂလာရှိလာမယ်။ အမင်္ဂလာတွေ လျော့နည်းလာ မယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ အဘယ်ကြောင့်ဆို
သော်။ ဆာလံကျမ်း ၁း ၁-၃ - မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊ - လူဆိုးတို့၏လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသောသူတို့၏ အစည်းအဝေး ၌မထိုင်၊ ထာဝရဘုရား၏ တရားတော်၌မွေ့လျော်၍၊ တရားတော်ကို နေ့ညဉ့်မပြတ်ဆင်ခြင်အောက်မေ့
သောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာ စိုက်လျက်၊ မိမိအချိန်တန်မှ အသီးကိုသီး၍၊ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့် တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။
သမ္မာတရားကို နေ့ညမပြတ် ဆင်ခြင်ဖတ် ရွတ်ပြီး၊ လိုက်နာအသက်ရှင်မယ်ဆိုရင်၊ မြစ်ကမ်းနား မှာပေါက်သော သစ်ပင်လို အမြဲစိုပြေလန်းဆန်းနေ မယ်။ သီးချိန်တန်သီးမယ်။ အရွက်မညှိုးနွမ်းဘဲ သူတစ်ပါးကို
- အေးမြလန်းဆန်း စေမယ်။ ပြုလေသမျှမှာ အောင်မြင် ခြင်းမင်္ဂလာနဲ့ ပြည့်ဝမယ်လို့ဆိုလိုတာဖြစ်ပါတယ်။
ယေရမိအနာဂတ္တိကျမ်း ၁၇း၇-၈ - ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရဘုရားကို မိမိကိုးစားရာ အကြောင်းဖြစ်စေသောသူသည် ကောင်းကြီးမင်္ဂလာ ကို ခံအပ်သောသူဖြစ်၏။  ထိုသူသည်ကား၊ ရေရှိသော အရပ်၌စိုက်၍ မြစ်နားမှာ အမြစ်ဖြာ သဖြင့်၊ ပူသောအရှိန်ရောက်ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုယ်း ခေါင် သောကာလ၌ စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲအသီးကို သီးတတ်သော အပင်နှင့်တူ၏။
ထို ကဲ့ သို့ သမ္မာကျမ်းစာ အားဖြင့် အသက်တာမှာစိုပြေလန်းဆန်းခြင်း မင်္ဂလာများ အမြဲပြည့်နေဖို့ရန်၊ သမ္မာကျမ်းစာ၏ ဩဝါဒများကို အစဉ်ခံယူဖို့လိုပါတယ်။ဆာလံကျမ်း ၁၁၉ : ၃-၄ - ထို သူတို့ သည် ဒုစရိုက်ကိုမပြု၊ လမ်းခရီးတော်၌ လိုက်သွားတတ်ကြ ၏။ အကျွန်ုပ် တို့သည် ကြိုးစား၍ ကျင့်ဖို့ရာ၊ ကိုယ်တော်သည် ဩဝါဒကိုပေးတော်မူပြီ။
သမ္မာကျမ်းစာကို အမြဲဖတ်ရွတ်လိုက်နာ ခြင်းအားဖြင့်၊ အသက်တာမှာ ဒုစရိုက်ကင်းလာမယ်။ ဆက်လက်ပြီး၊ သန့်ရှင်းစင်ကြယ်စွာ အသက်ရှင် တတ်ဖို့ သမ္မာကျမ်းစာက သွန်သင်ပေးမှာဖြစ်ပါတယ်။ ဆာလံကျမ်း ၁၁၉း ၉ - လူပျိုသည် မိမိသွား
သောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည် နည်းဟူမူကား၊ နှုတ်ကပတ်တော်အတိုင်း သတိပြုရ မည်။ လောက၏ အညစ်အကြေးများ ကင်းစင်ဖို့ရန်၊ သမ္မာတရားနဲ့ အမြဲတမ်းနှလုံးသားကို ဆေးကြောနေ ရမှာဖြစ်ပါတယ်။ ၁၀-၁၁- မှာ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ ရှာပါ၏။
ပညတ်တော် လမ်းမှ လွှဲစေတော် မမူပါနှင့်၊ ကိုယ်တော်ကို မပြစ်မှားဘဲနေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။
သမ္မာတရားက နှလုံးသားထဲမှာ နေရာယူ လာတဲ့ အခါ၊ ထိုသမ္မတရား၏ ဆေးကြော ပြုပြင်ပေးခြင်းအားဖြင့်၊ နှလုံးသားက စင်ကြယ်လာ မယ်။ ဒုစရိုက်ကင်းလာမယ်။ ။ ထိုအခါ၊ ခန္ဓာကိုယ်
ကျန်းမာ ခြင်းကိုပင် ခံစားရရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် နှလုံးသားထဲမှာ သမ္မာတရားကို နေရာအမြဲ ပေးထားဖို့ လိုအပ်တာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာက -
သုတ္တံကျမ်း ၃၁-၁၂ - ငါ့သား၊ ငါပေးသော တရားကိုမမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံး
စောင့်ရှောက်ပါစေ။ ၂- အကြောင်းမူကား၊ ပညတ်တရားသည် အသက်တာရှည်သောကာလ နှစ်ပေါင်းများကို ၄င်း၊ ငြိမ်ဝပ်ခြင်း ကို ၄င်းတိုးပွားစေလိမ့်မည်။ ၃- ကရုဏာတရားနှင့် သစ္စာတရားကို သင်နှင့်မကွာစေနှင့်။ ထိုတရားကို သင်၏လည်ပင်း၌ ဆွဲထားလော့။ နှလုံးအင်းစာရင်း၌ ရေးသွင်းလော့။၄- ထိုသို့ပြုလျှင်၊ ဘုရားသခင်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရ၍၊ ကျေးဇူးကို ခံရလိမ့်မည်။ ၅- ထာဝရဘု ရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ :၆သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြု
လော့။ သို့ ပြုလျှင်၊ သင်၏လမ်းခရီးတို့ ကို ပဲ့ပြင်တော်မူမည်။ ၇- ငါသည်ပညာရှိ၏ ဟု ကိုယ်ကိုမထင်နှင့် ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့။ ၈- သို့ပြုလျှင်၊ သင်၏ ကြောတို့ သည် အားသန်၍၊ အရိုးတို့သည် ခြင်ဆီနှင့်ပြည့်စုံကြလိမ့်မည်။ ၉-ကိုယ်ဥစ္စာနှင့် အဦးသီးသောအသီးအနှံရှိသမျှတို့ကိုထာဝရဘုရားအားပူဇော်လော့။ ၁၀-သို့ပြုလျှင်သင်၏စပါးကျီတို့သည် ကြွယ်ဝ၍ စပျစ်သီးနယ်ရာ တန်ဆာ တို့ကို အသစ်သောစပျစ်ရည်လျှံလိမ့်မည်။ ၁၁- ငါ့သားထာဝရဘုရား ဆုံးမတော်မူခြင်း ကို မမှတ်ဘဲ မနေနှင့်။ သင်၏အပြစ်ကို စစ်ဆေး
တော်မူသောအခါ စိတ်မပျက်စေနှင့်။ ၁၂ထာဝရဘု ရား သည် ချစ်တော်မူသော သူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသောသားကို ဒဏ်ခတ်တော်မူ တတ်၏။
နှုတ်ကပတ်တော် သမ္မာကျမ်းစာအားဖြင့် မိမိကိုယ်ကို ဆေးကြောပြုပြင်ခြင်းခံယူတတ်မယ်ဆို ရင်၊ လိမ္မာ ယဉ်ကျေးလာမယ်၊ ဖြူစင်သန့်ရှင်းလာ မယ်။ ဘုရားသခင်၏အလိုတော်အတိုင်း အသက်ရှင် တတ်လာမှာ ဖြစ်ပါတယ်။
ဆာလံကျမ်း ၁၁၉း၁၃၀ - နှုတ်ကပတ်တော် ကို ဖွင့်ပြခြင်းသည် အလင်းကိုပေး၍ မလိမ္မာသောသူတို့ကို လိမ္မာ စေတတ်ပါ၏။
သမ္မာကျမ်းစာကို ယုံကြည်၊ နာခံလိုက်ရှောက် ခြင်းအားဖြင့် အသက်တာ ပြောင်းလဲခဲ့ကြသော သူများ၊ များစွာရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် မလွတ် မြောက်နိုင်တော့ပါလို့ ထင်ထားတဲ့ ဘဝဆိုးထဲ က သမ္မာကျမ်းစာအားဖြင့် လွတ်မြောက်ခြင်း၊ ကျန်း မာခြင်းကို ရရှိခဲ့တာဖြစ်ပါ တယ်။ စာတန်မာရ်နတ်၏ ပရိယာယ် လှည့်စားမှုနဲ့ ချည်နှောင်ခြင်းအမျိုးမျိုး၊ ဘယ်လိုချည်နှောင်ခြင်း ဖြစ်ပါလေစေ သမ္မာကျမ်းစာ ကို ဖတ်ရွတ်ခြင်း၊ ယုံကြည်စွာဆုတောင်း ဆက်ကပ် အပ် နှံခြင်းဖြင့်အားဖြင့် လွတ်မြောက်ခြင်းအခွင့် ရရှိနိုင်ပါတယ်။ ဒါကြောင့် သမ္မာကျမ်းစာသည် ချည်နှောင်မှုအမျိုးမျိုးထဲမှ လွတ်မြောက်စေနိုင်သော၊ ထာဝရဘုရား၏ တန်ခိုးတော်၊ နှုတ်ထွက်” များဖြစ်လို့ ယုံကြည်ပါ။ ဆုတောင်းဆက်ကပ်အပ်နှံပြီး    လိုက်နာလေ့ကျင့်ပါ။
                       
တိမောသေသြဝါဒစာ ဒုတိယစောင် ၂၉ (ခ) - ဘုရားသခင်၏ နှုတ်ကပတ်တရားတော်သည် ချည်နှောင်ခြင်းနှင့် ကင်းလွတ်၏။
ရှင်ယောဟန်ခရစ်ဝင် ၈း၃၁-၃၂ - ထိုအခါ ယေရှုက၊ သင်တို့သည် ငါ၏ဒေသနာ၌တည်လျှင် ငါ့တပည့်အမှန် ဖြစ်ကြ၏။ ၃၂- သမ္မတရားကို လည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု ယုံကြည်သော လူတို့အား မိန့်တော်မူ၏။
စာတန်မာရ်နတ်၏ ပရိယာယ်လှည့်စား မှုများဖြစ်တဲ့ လောဘ၊ ဒေါသ၊ အတ္တ မာန၊ မုန်းတီးခြင်း၊ ခွင့်မလွှတ်နိုင်ခြင်း၊ အပြစ်မြင်ခြင်းစသည့် ချည်နှောင်မှုတွေကနေ၊ လွှတ်မြောက်စေရုံသာမက         နှလုံးသား အကြံအစည်၊ အတွေးအခေါ် အမြင်များပါ အသစ်ဖြစ်စေနိုင်သော နှုတ်ကပတ်တော် သမ္မာကျမ်းစာဖြစ် ပါတယ်။
ယေဇကျေလအနာဂတ္တိကျမ်း ၃၆: ၂၅-၂၇ - သင်တို့အပေါ်မှာ သန့်ရှင်းသောရေကို ဖြန်းသဖြင့်၊ သင်တို့ကို ခပ်သိမ်းသောအညစ်အကြေးမှစ၍၊ ခပ်သိမ်းသောရုပ်တုတို့နှင့် ကင်းစင်စေမည်။ ၂၆စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်။ သင်တို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံး ကို နှုတ် ၍၊ အသားနှလုံးကို ပေးမည်။ ၂၇ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေးသဖြင့် သင် တို့ သည် ငါ၏တရားလမ်းသို့ လို က် ၍၊ ငါစီရင်တော်မူချက်တို့ကို စောင့်ရှောက်ကြလိမ့်မည်။
               သမ္မာကျမ်းစာ အားဖြင့် ကျောက်ခဲလို မာကြောနေသော မွေးရာပါ၊ အတ္တနှလုံးသား၊မုန်းတီးခြင်းတွေ၊ မနာလိုခြင်းတွေနဲ့ ပြည့်ဝနေတဲ့၊ ညစ်ညမ်း တဲ့နှလုံးသားနေရာမှာ၊ နူးညံ့သိမ်မွေ့တဲ့ အသား နှလုံးသား၊ သည်းခံ၊ စိတ်ရှည်ခွင့်လွှတ်တတ်တဲ့ သဘောထားရှိတဲ့ နှလုံးသားအသစ်ကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။
သမ္မာကျမ်းစာက ရှင်မဿဲခရစ်ဝင် ၁၁း ၂၈-၃၀ - ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ (သခင်ယေရှု သမ္မာတရား) ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ၂၉- ငါ့ထမ်းပိုးကိုတင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့ သိမ်မွေ့နှိမ့်ချသောစိတ် သဘောရှိ၏။ သင်တို့စိတ် နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။ ၃၀- အကြောင်းမူကား၊ ငါ့ ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏ဟု မိန့်တော်မူ၏။

                          မိမိဦးနှောက်နဲ့ စဉ်းစားပြီး၊ ကောင်းနိုးရာရာ တွေလုပ်ရင်း၊ ပင်ပန်းကြီးစွာအသက်ရှင်နေမဲ့ အစား နှလုံးသားကို ပြုပြင်ပေးနိုင် သော၊ နူးညံ့သိမ်မွေ့စေသော၊ နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့်၊ မိမိတာဝန် (ဝန်တာ/ဝန်ထုပ်)ကို သခင်ယေရှုရဲ့ ထမ်းပိုးနဲ့ထမ်းမယ်ဆို ရင်၊ ပေါ့ပါးခြင်း၊ စိတ်သက်သာ ခြင်းအခွင့်ကို ခံစားရရှိမှာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာ သည်၊ အသက်တာကို မင်္ဂလာရှိစေတယ်။ ချည်နှောင် မှုကနေ လွတ်မြောက်စေတယ်။ နှလုံးသားကို သက် သာစေရုံမက၊ ကျွန်တော်တို့ကို နေ့စဉ်နှောင့်ရှက်နေ တဲ့ စာတန်မာရ်နတ်ကိုပင် အောင်နိုင်ခွင့်ကိုပေးထား သောကြောင့်၊ ယုံကြည်စွာနာခံလိုက်လျှောက်ကြည့်ပါ။
                         
ရှင်ယောဟန်ဩဝါဒစာပဌမစောင် ၂ ၁၄(ခ) - လူပျိုတို့ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မှီဝဲဆည်းကပ်သ ဖြင့် မာရ်နတ်ကိုအောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။နှုတ်ကပတ်တော်သမ္မာကျမ်း စာကို မှီဝဲ ဆည်းကပ်ပြီး၊ ယုံ ကြည်ခြင်းနဲ့ ခံယူလိုက်လျှောက်မယ် ဆိုရင်၊ စာတန်မာရ်နတ်ကို သခင်ယေရှုနဲ့အတူ အောင်နိုင်ခွင့် ကိုပြင်ဆင်ပေး ထားတာဖြစ်ပါတယ်။ သမ္မာကျမ်းစာ ကိုလက်နက် အနေနဲ့ အသုံးပြုဖို့လည်း သွန်သင်ထားပါ တယ်။
ယေရမိအနာဂတ္တိကျမ်း ၂၃း ၂၉ - ငါ၏နှုတ်ကပတ်တော်သည် မီးကဲ့သို့၎င်း၊ ကျောက်ကို ထုခြေသော သံတူကဲ့ သို့၄င်းဖြစ်သည်မဟုတ်လောဟု ထာဝရဘုရား မေးတော်မူ၏။
သမ္မာကျမ်းစာအားဖြင့် စာတန်မာရ်နတ်ကို အနိုင်ယူရမှာဖြစ်ပါတယ်။
ဧဖက်သြဝါဒစာ ၆း ၁၀-၁၈ - ညီအစ်ကိုတို့ သခင်ဘုရားအားဖြင့်၄င်း၊ တန်ခိုးတော်အရှိန်အား ဖြင့်၄င်း၊ ခိုင်ခံ့ခြင်းရှိကြလော့။ ၁၁- မာရ်နတ်၏ ပရိယာယ် တို့ ကို စီးတားနိုင်မည်အကြောင်း ဘုရားသခင်ပြင်ဆင် တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။ ၁၂- အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်၊ အထွဋ်အမြတ် တို့နှင့်၄င်း၊ အာဏာစက်တို့နှင့်၄င်း၊ လောက်
မှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်၄င်း မိုင်းကောင်းကင်၌နေသော နတ်ဆိုးတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ရကြ၏။ ၁၃- ထိုကြောင့် ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကို ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်ကြလော့။
                  စာတန်မာရ်နတ်သည် အလွန်လိမ္မာပါးနပ်စွာ လှည့်စားတတ်တဲ့အတွက်၊ ကျနော်တို့ သိမြင်တတ် ကျွမ်းတဲ့အရာတွေနဲ့ ဘယ်လိုမှရင်ဆိုင်နိုင်မှာမဟုတ် ပါ။ ဘုရားသခင်ပြင်ဆင်ပေးသနားတော်မူသော လက်နက် များအားဖြင့်သာ အနိုင်ယူလို့ရမှာဖြစ်တဲ့ အတွက်၊ ထိုလက်နက်များကို အမြဲတမ်းဝတ်ဆင်ထား ရမှာဖြစ်ပါတယ်။ ထိုလက်နက်များမှာ -
ဧဖက် ၆း ၁၄-၁၈ - (၁) သစ္စာတည်းဟူ သော ခါးပန်း၊ စစ်သားတစ်ယောက်သည် ခါးပန်း (ခါးပတ်)မရှိလို့ မဖြစ်နိုင်သလို၊ ဘုရားသခင်၏ သားသမီး တယောက်အနေနှင့် သစ္စာမရှိလို့မရပါ။ သစ္စာမရှိရင်၊ ပွဲမဝင်ခင်ထဲက ရှုံးနေမှာဖြစ်ပါတယ်။ သစ္စာရှိပါ။ (၂) ဖြောင့်မတ်ခြင်းပါရမီတည်းဟူသော ရင်အုပ်၊ ဖြောင့်မတ် မှန်ကန်စွာအသက်ရှင်ခြင်း၊ မုသာကင်းခြင်း၊ မလိမ်ညာခြင်းကို ရင်အုပ်အနေ နဲ့ 
ဝတ်ဆင်ထားပါ။ ယခုခေတ် ကာလမှာ ကျည်ကာ အကျီလိုမျိုးဖြစ်ပါတယ်။ သို့မှသာ စာတန်ပစ်ခတ်တဲ့ မမှန်ကန်မှုတွေ၊ နှလုံးသားထဲကို ဝင်မလာနိုင်မှာဖြစ်ပါ တယ်။ ရိုးသားမှန်ကန်စွာ ဖြောင့်မတ်ခြင်းနဲ့ နှလုံးသား ကို ကာကွယ်ပါ။ (၃) ငြိမ်သက်ခြင်း ဧဝံဂေလိတရား ကို ဟောပြောရန် ပြင်ဆင်သော ခြေစွပ်၊ တနည်းအား ဖြင့် စစ်တိုက်ရန်ပြင်ဆင်တဲ့အခါ မရှိမဖြစ် ဝတ်ဆင် ရမဲ့ဖိနပ်ဖြစ်ပါတယ်။ သို့မှသာ ဆူးညှောင့်ခလုတ် အမျိုးမျိုးကို နင်းခြေနိုင်မယ်။ ဧဝံဂေလိသတင်း စကားကိုဝေငှနိုင်ရန်၊ သမ္မာကျမ်းစာကို အမြဲဖတ်ပြင်ဆင်နေရမှာဖြစ်ပါတယ်။ (၄) မာရ်နတ်ပစ်ခတ်သော
သော မီးစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်း၊ ဒိုင်းလွှားကို အခြားလက်နက်တွေမှာ ထပ်ဆင့် ယူဆောင်ဖို့ ဖော်ပြထားပါတယ်။ ယုံကြည်ခြင်း သခင်ယေရှု သမ္မာတရားကိုသာ
 နက်ရှိုင်းစွာ၊ ရိုးရှင်းစွာ ယုံကြည်ဖို့ အလွန်အရေးကြီး ပါတယ်။ ယုံကြည်ခြင်းကို ဒိုင်းလွှားအနေနဲ့ ပုံဆောင် ထားတာက၊ စာတန်မာရ်နတ် ၏ လွှဲမှားသော ဩဝါဒတွေ၊ သွန်သင်မှုတွေကို ယုံကြည်ခြင်းဒိုင်းလွှားနဲ့ကာသတ်နိုင်ဖို့ဖြစ်ပါတယ်။ (၅) ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံး။
ဦးနှောက်ထဲကို မကောင်းတဲ့အတွေးအခေါ် တွေ ဝင်မလာ နိုင်ဖို့၊ ကယ်တင်ခြင်းစိတ်ချမှုဆိုတဲ့ သံခမောက်ကို အမြဲဆောင်းထားရမှာဖြစ်ပါတယ်။ သခင်ယေရှုသာလျှင် ကယ်တင်ခြင်းကို ပေးပိုင်သော၊ အပြစ်များကို ဆေးကြောဖြေလွှတ်ပေးနိုင်သော တပါးတည်းသော ဘုရားရှင် ဖြစ်တယ်ဆိုတာကို သံသယကင်းစွာ ယုံကြည်ပါ။ ထိုယုံကြည်ခြင်း သံခမောက်ကို အမြဲဆောင်းထားခြင်းအားဖြင့် လွဲမှားသောတွေးခေါ်ကြံစည်မှုတွေကို အနိုင်ယူရမှာဖြစ်ပါတယ်။ (၆) ဘုရားသခင်၏ နှုတ်ကပတ်တော် ဟူသော ဝိညာဉ်တော်၏ ဓါး နှုတ်ကပတ် တော် သမ္မာကျမ်းစာကို ယုံ ကြည်၊ ခံယူလိုက်နာ၊
လေ့ကျင့်ခြင်း အားဖြင့် စာတန်မာရ်နတ်ကို ပြန်လည်တိုက်ခိုက်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျမ်းစာကို အမြဲဖတ်ပါ။ အသက်တာ အတွက်
အောင်မြင်ခြင်းကိုညွှန်ပြတဲ့လမ်းညွှန် ဖြစ်ပါတယ်။ (၇) ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်း ပဌနာပြုခြင်းအမျိုးမျိုးအားဖြင့် ဆုတောင်းပါ။ သခင်ယေရှုနာမ၌ ဆုတောင်းခြင်းကို လက်နက်တခု အနေနဲ့ ကိုင်စွဲဖို့ဘုရားသခင်အလိုတော်ရှိပါတယ်။ ဒါကြောင့် ဆုတောင်းပါ။ သခင်ယေရှု၏နာမသည် အံ့ဩဘွယ် နာမဖြစ်ပါတယ်။ ယုံကြည်သူ အယောက် စီတိုင်းအတွက် ဘုရားသခင်ပြင်ဆင်ပေးတော်မူသော ဆုကျေးဇူး၊ အခွင့်အရေးများကို သမ္မာကျမ်းစာအား ဖြင့် ယုံကြည်စွာ အသုံးပြုမယ်ဆိုရင်၊ စာတန်မာရ်နတ် ၏ပရိယာယ် များကို သခင်ယေရှုနှင့်အတူ သမ္မာ ကျမ်းစာအားဖြင့် အောင်နိုင်ခွင့်ကို ခံစားရရှိမှာဖြစ်ပါ တယ်။ သမ္မာကျမ်းစာက -ရှင်မာကုခရစ်ဝင် ၁၆း၁၇-၁၈ - ယုံကြည် သောသူ တို့၌ ဖြစ်လတံ့သော နိမိတ်လက္ခဏာဟူမူ ကား၊ ငါ၏နာမကို အမှီပြု၍ နတ်ဆိုးတို့ ကို နှင်ထုတ်ကြလတ္တံ့။ ထူးခြားသော ဘာသာစကားမျိုး တို့ကို ပြောကြလတ္တံ့။ ၁၈- မြွေတို့ကို ဘမ်းကိုင်ကြ လတံ့။ သေစေတတ် သောအဆိပ်အတောက်ကို သောက်စားလျှင် ဘေး ဥပဒ်နှင့် ကင်းလွတ်ကြ လတ္တံ့။ မကျန်းမမာသော သူတို့ အပေါ်မှာ လက်ကိုတင်၍ ချမ်းသာပေးကြ လတ္တံ့ဟု မိန့်တော် မူ၏။ ဒီအခွင့်အရေးကို အလွဲသုံးစားလုပ်ဖို့မဟုတ်ပါ။ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေဖို့၊ ယုံကြည်ခြင်းအားဖြင့် အစေခံဖို့ စာတန်မာရ်နတ်ကို နှုတ်ကပတ်တော် သမ္မာကျမ်းစာအားဖြင့် အနိုင်ယူနိုင်ဖို့၊ လမ်းပြထားတဲ့ လမ်းညွှန်မှုဖြစ်ပါတယ်။ ယုံကြည်စွာ နာခံလိုက် လျှောက်အသက်ရှင်ကြည့်ပါ။ အံ့ဩဘွယ် ရာများကို ကိုယ်တိုင် တွေ့ကြုံခံစားရရှိမှာဖြစ်ပါတယ်။ထိုအံ့သြဘွယ်ရာ ဘုရားသခင်၏ နှုတ်က ပတ်တော် ဂတိစကားများကို၊ နှလုံးသားထဲမှာ အမြဲတမ်း နေရာပေးထားမယ်ဆိုရင်၊ နှုတ်ကနေသမ္မာစကားများထွက်လာမယ်၊ အသက်တာမှာ - မင်္ဂလာရှိလာမယ်၊ ထိတွေ့ ဆက်ဆံသောသူများ ကို လည်း ထို မင်္ဂလာများ ကူးစက်စေနိုင်မှာ ဖြစ်ပါတယ်။
 ရှင်မဿဲခရစ်ဝင် ၁၂း၃၅-ကောင်းသောသူသည် ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသော အရာတို့ကို ထုတ်ဘော်တတ်၏။
မကောင်းသောသူသည် မကောင်းသော ဘဏ္ဍာတိုက် ထဲက မကောင်းသော အရာတို့ကို ထုတ်ဘော်တတ်
၏။ထိုကြောင့် နှလုံးသားကို သမ္မာတရားနဲ့ပြည့်ဝ နေစေပါ။ ကျမ်းစာကို အမြဲ ဖတ်ပါ။ အလွတ် ကျက် ပါ။ မြင်သာတဲ့ နေရာတွေမှာ ရေးပြီး ကပ်ထားပါ။ ကလေးသူငယ်များကို သွန်သင်ပါ။ မင်္ဂလာရှိသော မိသားစုဖြစ်လာမှာ ဖြစ်ပါတယ်။
တရားဟောရာကျမ်း ၆း ၅-၉ - ငါတို့၏ ဘုရားသခင်ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရား ဖြစ်တော်မူ၏။ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိ သမျှနှင့်ချစ်လော့။ ၆- ယနေ့ ငါမှာထားသော စကားကို နှလုံးသွင်းရမည်။ အိမ်၌ထိုင်လျက်နေသည် ဖြစ်စေ၊ ခရီး၌ သွားသည် ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကို ပြောရမည်။၈ထိုစကားကိုလည်း၊ သင်၏လက်၌ လက္ခဏာသက်သေဘို့ရာ၎င်း၊ သင်၏မျက်စိကြားမှာ သင်းကျစ်ကဲ့သို့ ၄င်း ချည်ထားရမည်။ ၉- အိမ်တံခါး၊ မြို့တံခါးတို့၌ လည်း ရေးထားရမည်။သမ္မာတရားသည် ဘဝအသက်တာလမ်းခရီး တလျှောက်လုံးကို၊ လမ်းပြပေးနေတဲ့၊အသက်တာရဲ့ လမ်းညွှန်ဖြစ်သောကြောင့် ထိုသမ္မာတရားနှင့် အမြဲသွားလာပါ။
ဆာလံကျမ်း ၁၁၉း ၁၀၅ - နှုတ်ကပတ် တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။
သုတ္တံကျမ်း ၂း၁၀-၁၁ - ပညာသင် ထသို့ဝင်၍၊ သင်သည် သိကြားခြင်း၌
မွေ့လျော်သောအခါ၊ သမ္မာသတိသည် သင့်ကို ထိန်းသိမ်း၍၊ ဉာဏ်သည်လည်း စောင့်ရှောက်သဖြင့် ဆိုးသောလမ်းမှ ကယ်တင် လိမ့်မည်။
သမ္မာတရားနဲ့အတူ သွားလာတတ်လာတဲ့ အခါ၊ ထိုသမ္မာတရားသည် သတိပေးမယ်၊ လမ်းပြ မယ်။ ထိန်းသိမ်းကွယ်ကာပြီး၊ စောင့်ရှောက်ပေးမှာ ဖြစ်ပါတယ်။
သုတ္တံကျမ်း ၃း၂၁-၂၆ - ငါ့သား၊ ပညာရတ နာနှင့် သမ္မာသတိကို သင့်မျက်မှောက်မှ မကွာစေဘဲ၊ အစဉ် စောင့်ရှောက်လော့။ သို့ပြုလျှင်၊ ထိုရတနာ တို့သည် သင်၏ဝိညာဉ်၌ အသက်၊ သင်၏လည်ပင်း၌ ဂုဏ်အသရေ ဖြစ်လိမ့်မည်။ ၂၃- သင်သည် ခရီးသွားရာ၌ ဘေးမရှိ။ ခြေမတိုက်မိဘဲ သွား လိမ့်မည်။ ၂၄- အိပ်သောအခါ ကြောက်စရာမရှိရ။ ကောင်းမွန်စွာ အိပ်ပျော်ရလိမ့်မည်။ ၂၅- လျှင်မြန်သောဘေးနှင့် လူဆိုးတွေ့တတ်သော ပျက်စီးရာဘေး ကို ကြောက်စရာမရှိရ။ ၂၆- အကြောင်းမူကား၊ ထာဝရဘုရားသည် သင်ယုံကြည်ကိုးစားရာ ဖြစ်၍၊ သင်၏ခြေကိုမကျော့မိစေခြင်းငှါ စောင့်မတော်မူ လိမ့်မည်။
ထိုကဲ့ သို့ လိုလေးသေးမရှိ၊ ပြည့်စုံစွာ ကျွန်တော်တို့ ဘဝခရီးအတွက်၊ လမ်းပြပေးနေသော အသက်တာ၏ လမ်းညွှန်ဖြစ်သည့် သမ္မာတရား၊ ထာဝရဘုရား၏ ဂတိတော်၊ နှုတ်ထွက်စကားများကို ဘယ်အရာနဲ့မှ နှိုင်းယှဉ် တန်ဖိုး ဖြတ်၍မရနိုင်သောကြောင့်၊ တန်ဖိုးထား၊ စောင့်ရှောက်ပြီး၊ ခံယူယုံကြည် ဖို့၊ လိုက်နာလေ့ကျင့် ဖို့လိုပါတယ်။
ဆာလံကျမ်း ၁၁၉း၇၂ - နှုတ်တော်ထွက် တရားတော်သည် ရွှေ၊ ငွေ၊ ထောင်အသောင်းထက်မက၊ အကျွန်ုပ်၌ သာ၍ကောင်းပါ၏။
ထိုတန်ဖိုးဖြတ်၍မရနိုင်သော ထာဝရဘုရား ၏ နှုတ်ထွက်စကား၊ သမ္မာတရားကို ခံယူလိုသော စိတ်နှင့် ကလေးသူငယ်ကဲ့သို့ အလွန်လိုချင်သော စိတ်နှင့် ရိုးရှင်းစွာခံယူကြည့်ပါ။
ရှင်ပေတရုသြဝါဒစာပဌမစောင် ၂း ၁-၃ - ထိုကြောင့် သင်တို့သည် ဘုရားသခင်၏ ကျေးဇူး
တော်ကို မြည်းစမ်း ကြသည်ဖြစ်၍၊ အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်း ရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်း အလိုငှါ၊ နှုတ်ကပတ်တရား၏ နို့စစ်အားဖြင့် ကြီးပွား မည်အကြောင်း၊ ထိုတရားနို့ကို အလွန်လိုချင်သော စိတ်ရှိကြလော့။
ရှင်ယာကုပ်ဩဝါဒစာ ၁း ၂၁ - ထိုကြောင့် ခပ်သိမ်းသော ညစ်ညူးခြင်း၊ မနာလိုသောစိတ် လွန်ကျူးခြင်းကို ပယ်ရှား၍၊ သင်တို့စိတ်ဝိညာဉ်ကိုကယ်တင်နိုင်သောအထဲ၌ စိုက်ပျိုးသော နှုတ်ကပတ် တရားကို နူးညံ့သိမ်မွေ့သောစိတ်နှင့် ခံယူကြလော့။
အလွန်လိုချင်သောစိတ်၊ နူးညံ့သိမ်မွေ့သော စိတ်နှင့်ခံယူပြီး၊ လက်တွေ့လိုက်နာလေ့ကျင့်ရမှာ ဖြစ်ပါတယ်။
ရှင်ယာကုပ်ဩဝါဒစာ ၁ : ၂၂-၂၅ - ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူ မဟုတ်။ တရားကိုကျင့်သော သူ ဖြစ်ကြလော့။ ၂၃- တ ရားကို မကျင့် ဘဲ၊ နာရံ မျှ သာပြုသော သူ မည် သည် ကား၊ မှန် ၌ မိမိပကတိမျက်နှာကို ကြည့်သောသူနှင့်တူ၏။ ၂၄အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ အ သွား၍ မိမိအဆင်းသဏ္ဍာန်ကို ချက်ခြင်းမေ့လျော့ တတ်၏။။     ၂၅လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သော တရား၌ စေ့စေ့ကြည့်ရှု၍၊ တည်ကြည်သောသူမူကားတရားနာ၍ မေ့လျော့သောသူမဟုတ်၊ အကျင့်ကျင့်သောသူ ဖြစ်သဖြင့် မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိ၏။
ထိုကဲ့သို့ လက်တွေ့နာခံလေ့ကျင့်မယ်ဆိုရင် ဆာလံကျမ်း ၁၁၉း၅၀ - ဗျာဒိတ်တော်အားဖြင့် အကျွန်ုပ်အသက်ရှင်သည်ဖြစ်၍ ဆင်းရဲခံရစဉ်တွင် ထိုနှုတ်ကပတ်တော်သည် အကျွန်ုပ်သက်သာစရာ အကြောင်းဖြစ်ပါ၏။ ၁၆၅ - တရားတော်ကို နှစ်သက်သောသူတို့၌ ကြီးစွာသောငြိမ်ဝပ်ခြင်းရှိပါ၏။ သူတို့စိတ်ပျက်စရာအကြောင်းမရှိပါ။
အသက်တာများကို ပြောင်းလဲစေသော၊ နှလုံးသားကို နူးညံ့စေသော နှုတ်ကပတ်တော်၊ အသက်တာ လမ်းညွှန်၊ တန်ဖိုးဖြတ်လို့မရနိုင်သော၊ ထာဝရဘုရား၏ ဂတိတော်များ၊ ကွယ်ကာစောင်မ၍ လမ်းပြကောင်းကြီး ပေးလျက်ရှိသော ထိုတန်ခိုးတော်ကို ဆာလံဆရာက ဆာလံကျမ်း ၁၉း၇-၁၁ မှာ စုံလင်စွာဖော်ပြထားပါတယ်။
ဆာလံ ၁၉၇ - ထာဝရဘုရား၏ တရား တော်သည် စုံလင်သည်ဖြစ်၍၊ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရ ဘုရား၏ သက်သေခံတော်မူ ချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသော သူတို့ကို လိမ္မာစေတတ်၏။ ၈- ထာဝရဘုရား၏ နည်းဥပဒေသတို့ သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရ ဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍ မျက်စိကို ရှင်းလင်းစေတတ်၏။ ၉- ထာဝရဘု ရားကို
ကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည်ဖြစ်၍၊ ကာလအစဉ်အမြဲတည်၏။ ထာဝရဘု ရား၏ စီရင်တော် မူချက်တို့သည် သစ္စာတရားနှင့်ညီ၍ တညီတညွတ်တည်းဖြောင့် မတ်ကြ၏။ ၁၀-ရွှေလက်မကများစွာသော ရွှေစင်ထက် နှစ်သက် တွယ်ဖြစ်၍ ပျားရည်ထက်မက၊ ဖျားလဘို့ထက်ချိုကြ ၏။ ၁၁- တရားတော်အားဖြင့် ကိုယ်တော်၏ ကျွန်သည် သတိရ၍၊ တရားစောင့်ခြင်းအကျိုးသည် ကြီးလှပါ၏။
နှလုံးသားကို နူးညံ့စေသော၊ အသက်တာကို ပြောင်းလဲစေသော၊ သမ္မာကျမ်းစာ၊ စာတန်မာရ်နတ် ၏ ပရိယာယ်၊ လှည့်စားမှုများကို သိမြင်ကျော်ဖြတ် အနိုင်ယူနိုင်သော၊ ထာဝရဘုရား၏ နှုတ်ကပတ်
တော်၊ သမ္မာကျမ်းစာကို တန်ဖိုးထားဖတ်ရွတ်ခြင်း၊ ယုံကြည်၊ နာခံ၊ လိုက်လျှောက် အသက်ရှင်ခြင်း အားဖြင့်၊ ဘုရားသခင်၏ ဘုန်းနာမတော်ကို သာ၍ ထင်ရှားစေဘို့ရန် အစေခံနိုင်သောသူများ ဖြစ်ကြပါစို့။
သမ္မာကျမ်းစာအားဖြင့်၊အောင်မြင်စွာရှင်သန်နိုင်သောသူများဖြစ်ရန်ရည်ရွယ်လျက်၊ကြီးမြတ်သောသခင်ယေရှု၏နာမတော်၌။

ဆရာဦးမောင်မောင်ချစ်


No comments:

Post a Comment